သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

တရုတ်ခရီးသည်တင်လေယာဉ်တစ်စီး အင်ဂျင်မီးလောင်သဖြင့် ချန်ဂီလေဆိပ် ပြေးလမ်းတစ်ခု သုံးနာရီကြာ ပိတ်ထားလိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 786

တရုတ်နိုင်ငံ ချန်ဒူးမြို့မှ စင်္ကာပူနိုင်ငံသို့ ပျံသန်းလာသော တရုတ်ခရီးသည်တင် လေယာဉ်တစ်စီးသည် စင်္ကာပူချန်ဂီလေဆိပ်သို့ မရောက်မီ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ချန်ဂီလေဆိပ် လေယာဉ်ပြေးလမ်းကို တနင်္ဂနွေနေ့ ညနေပိုင်းက သုံးနာရီကြာ ပိတ်ထားလိုက်ရသည်ဟု သိရှိရသည်။

ခရီးစဉ်အမှတ် CA403 တရုတ်ခရီးသည်တင်လေယာဉ်၏ ကုန်တင်ခန်း နှင့် အိမ်သာတို့မှ မီးခိုးလုံးများ ထွက်လာသည်ကို ညနေ ၄ နာရီတွင် မြင်တွေ့ရကြောင်း၊ ထို့သို့ မြင်တွေ့ရပြီးနောက် လေယာဉ် အရေးပေါ်ဆင်းသက်ခွင့်ပြုရန် လေဆိပ်လေကြောင်းထိန်းသိမ်းရေးသို့ အကြောင်းကြားခဲ့ကြောင်း၊ လေဆိပ်က ခွင့်ပြုခဲ့ပြီးနောက် ပြေးလမ်း အမှတ် ၃ ပေါ်သို့ ညနေ ၄:၁၅ နာရီတွင် ဆင်းသက်ခဲ့ကြောင်း ချန်ဂီလေဆိပ် ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

 

ခရီးသည် ၁၄၆ ဦး နှင့် လေယာဉ်အမှုထမ်း ၉ ဦးတို့သည် အရေးပေါ်ထွက်ပေါက်မှ တစ်ဆင့် ဘေးအန္တရာယ်ကင်းစွာ ထွက်လာနိုင်ခဲ့ကြပြီး ၄င်းတို့အားလုံးကို ကြိုပို့ ဘတ်စ်ကားဖြင့် လေဆိပ်ခန်းမဆောင်သို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

 

ညနေ ၄:၂၅ နာရီတွင် မီးလောင်နေသော ဝဲဘက် လေယာဉ်အင်ဂျင်ကို လေဆိပ်အရေးပေါ်ဌာနက မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

အရေးပေါ်ကယ်ဆယ်ရေးပြုလုပ်စဉ် လေယာဉ်အတွင်း မီးခိုးမွှန်ခြင်း၊ ပွန်းပဲ့ထိခိုက်ခြင်းတို့ကြောင့် ခရီးသည် ၉ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု ချန်ဂီလေဆိပ်အုပ်ချပ်ရေးအဖွဲ့က ပြောဆိုသည်။

 

ညနေ ၆ နာရီတွင် လေယာဉ်အား ပြေးလမ်းပေါ်မှ ဆွဲယူသွားပြီးနောက် ညနေ ၇ နာရီတွင် လေယာဉ်ပြေးလမ်း သုံးခုအနက် တစ်ခုကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

 

လေဆိပ်ပြေးလမ်း ပိတ်ထားစဉ် လေယာဉ်တစ်စီးကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာတမ်ကျွန်းသို့ လမ်းကြောင်းလွှဲပေးခဲ့ရသည်ဟု ချန်ဂီလေဆိပ်အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

 

တရုတ်လေကြောင်းလိုင်းနှင့် ချန်ဂီလေဆိပ်အုပ်စုတို့က ခရီးစဉ်အမှတ် CA403 နှက့် လိုက်ပါလာသော ခရီးသည်များအား လိုအပ်သည့်အကူအညီများ ပေးခဲ့ကြပြီး စင်္ကာပူ သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှု စုံစမ်းစစ်ဆေးရေးအဖွဲ့က မတော်တဆဖြစ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေသည်ဟု သိရသည်။

 

NN-27

ref:CNA

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!