သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

သမ္မတ ဂျိုးဘိုင်ဒင်အပေါ် အယုံအကြည်မရှိအဆို တင်သွင်းရန် အမေရိကန်အောက်လွှတ်တော်က စုံစမ်းစစ်ဆေးရေးပြုလုပ်မည်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 641

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းရန် အောက်လွှတ်တော်က စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်တော့မည်ဟု သိရသည်။

ရီပတ်ဘလစ်ကင်များ ကြီးစိုးထားသည့် အမေရိကန် အောက်လွှတ်တော်သည် လာဘ်ပေးလာဘ်ယူ နှင့် အကျင့်ပျက်ခြစားမှုများဖြင့် သမ္မတဘိုင်ဒင်အပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းရေး စုံစမ်း စစ်ဆေးရန် ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ရာနှုန်းပြည့် ထောက်ခံမဲဖြင့် အတည်ပြုချက် ရယူနိုင်ခဲ့သည်။

ယခုကဲသို့ လွှတ်တော်အတည်ပြုချက်ရယူနိုင်ပြီဖြစ်၍ ဘိုင်ဒင် ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့် ပတ်သက်ပြီး သက်သေ အထောက်အထား အပြည့်အစုံကို ရှာဖွေဖော်ထုတ်နိုင်တော့မည်ဟု ရီပတ်ဘလစ်ကင်အမတ်များက ဆိုသည်။

ရီပတ်ဘလစ်ကင် ဦးဆောင်သည့် ကော်မတီသုံးခုသည် ဂျိုးဘိုင်ဒင် ဒုတိယသမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က လာဘ်ပေးလာဘ်ယူမှု နှင့် အကျင့်ပျက်ခြစားမှုများ ကျူးလွန်ခဲ့သည်ဟု ဆိုကာ ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေးပြုလုပ်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အယုံအကြည်မရှိအဆိုကို မတင်သွင်းမီ ဘိုင်ဒင်ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ခိုင်လုံသော သက်သေအထောက်အထားများ တင်ပြရန် လိုအပ်နေသည်။ ယခုကိစ္စနှင့်ပတ်သက်၍ သမ္မတဘိုင်ဒင်က အတိုက်အခံများသည် အလိမ်အညာများဖြင့် မိမိအား တိုက်ခိုက်နေကြသည်ဟု ပြောဆိုခဲ့သည်။

အောက်လွှတ်တော်က စုံစမ်းစစ်ဆေးခွင့်ပြုရန် မဲခွဲဆုံးဖြတ်ခြင်းနှင့် အယုံအကြည်မရှိ အဆိုတင်သွင်းမှု မဲခွဲဆုံးဖြတ်ခြင်းမှာ တူညီမှု မရှိသော်လည်း ပထမအဆင့်အောင်မြင်ပါက အယုံအကြည်မရှိ အဆိုတင်သွင်းမှု အကောင်အထည်ပေါ်လာမည်ဖြစ်သည်။

အမေရိကန်ပြည်သူတွေဟာ လွှတ်တော်မှာရှိတဲ့ သူတို့ခေါင်းဆောင်တွေက နိုင်ငံနဲ့ ကမ္ဘာကြီးအတွက် လတ်တလောအရေးကြီးတဲ့ကိစ္စတွေကို အရေးယူ ဆုံးဖြတ်ပေးစေချင်ပေမယ့် သူတို့အလုပ် သူတို့မလုပ်ဘဲ အခြေအမြစ်မရှိတဲ့ နိုင်ငံရေးစတန့်တွေနဲ့ အချိန်ကုန်နေကြတယ်ဟု ဂျိုးဘိုင်ဒင်က တုန့်ပြန်ခဲ့သည်။

 NN-27

 ref:BBCWorld

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!