သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ဘရာဇီးနိုင်ငံတွင် လူနေရပ်ကွက်ပေါ် လေယာဉ်ပျက်ကျမှုကြောင့် ၅ ဦးသေဆုံး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 587

ဘရာဇီးနိုင်ငံ ဆောပိုလိုပြည်နယ်၊ လူနေရပ်ကွက်တစ်ခု၌ ဒီဇင်ဘာ ၂၃ ရက်က လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး လူငယ်တစ်ဦးအပါအဝင်၊ လူငါးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာများတွင် သတင်းဖော်ပြခဲ့သည်။

အရွယ်အစားသေးငယ်သည့်လေယာဉ်ပေါ်တွင် သေဆုံးသူအားလုံး လိုက်ပါခဲ့ခြင်း ရှိမရှိကို မီးသတ်တပ်ဖွဲ့ဝင်များက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

လေယာဉ်သည် အင်ဂျင်တစ်လုံးပါရှိသည့် RV-10 အမျိုးအစားဖြစ်ပြီး လေယာဉ်ပေါ်တွင် လေယာဉ်မှူးတစ်ဦးနှင့် ခရီးသည် သုံးဦးအတွက် ထိုင်ခုံများပါရှိကြောင်း သိရသည်။

 

Ref: Xinhua News/ Photo: Daily Sun

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!