အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင်ပြည်တွင် ထောင်သောင်းချီသည့် နေရပ်စွန့်ခွာရသူများ ရေရှားပါးမှုဒဏ်ခံရနိုင်ပြီး၊ ရောဂါဘယထူပြောနိုင်ခြေရှိကြောင်း United Nations OCHA Myanmar က ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 501

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ ၊မေ ၁၀ /၂၀၂၄

ရခိုင်ပြည်တွင် ထောင်သောင်းချီသည့် နေရပ်စွန့်ခွာရသူများ ရေရှားပါးမှုဒဏ်ခံရနိုင်ပြီး ရောဂါဘယထူပြောနိုင်ခြေရှိကြောင်း မေလ ၉ ရက်နေ့တွင် United Nations OCHA Myanmar က ထုတ်ပြန်ထားသည်။

United Nations OCHA Myanmar မှအာရှနှင့်ပစိဖိတ်ဒေသ - အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ်အား ဧပြီ ၃ရက်မှ - ၆ မေ ရက်နေ့အထိထုတ်ပြန်ရာတွင် ရခိုင်ပြည်အရေးအား ထည့်သွင်းထုတ်ပြန်လာခြင်းဖြစ်သည်။

“ရခိုင်ပြည်မှာလည်း ထောင်သောင်းချီတဲ့ နေရပ်စွန့်ခွာရသူတွေဟာ ရေရှားပါးမှုဒဏ်ခံရနိုင်ပြီး၊ရောဂါဘယထူပြောနိုင်ခြေရှိတယ်လို့ ခန့်မှန်းရပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေအဆင်မပြေသေးပေမယ့် မိတ်ဖက်အဖွဲ့အစည်းတွေဟာ ဘေးဒဏ်သင့်တဲ့ ဒေသတွေဆီ သောက်သုံးရေ အကူအညီပေးဖို့ နည်းလမ်းတွေကြံဆ လုပ်ဆောင်နေကြပါတယ်။” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

တစ်ချိန်တည်းတွင် ရခိုင်ပြည်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သောက်သုံးရေပြတ်လပ်နေ သည်ဟုသတင်းတွေရရှိပြီး သောက်သုံးရေရှားပါးမှုသည် နှစ်စဉ် ဧပြီလလယ်မှ ဇွန်လအထိ အမြဲကြုံတွေ့ရသည့်အဓိကပြသနာဖြစ်ပြီး ရပ်ရွာလူထုများသည် မသန့်ရှင်းသည့်ရေကိုသုံးစွဲရခြင်းမျိုး သို့မဟုတ် ချက်ပြုတ်ရန်နှင့်သောက်သုံးရေရရှိရန် အဝေးကြီးအထိခြေလျင်သွားပြီးသယ်ယူရခြင်းမျိုး လုပ်ဆောင်နေကြရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မေလ (၁) ရက်နေ့က မိုးသက်လေပြင်းကျရောက်ခဲ့တဲ့အတွက် တန့်ယန်းနဲ့ နမ္မတူမြို့နယ်တွေမှာ လူနေအိမ် ၈၀ ကျော်၊ စာသင်ကျောင်းတစ်ခုနဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင်အခြားအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာအိုးအိမ်စွန့်ခွာရသူ ၂,၅၀၀ လောက်ဟာ မတ်လလောက်ကတည်းက နေအိမ်တွေမီးသင့်လို့ ဘေးတွေ့နေကြရတဲ့အပြင် ပူပြင်းလှတဲ့ နွေခေါင်ခေါင်မှာ ရေပြတ်လပ်မှုဒဏ်ကို ခံစားနေကြရပါတယ်” ဟုထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ