သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကမ္ဘောဒီးယားရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်၊ စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 417

နိရဉ္စရာ၊ ဧပြီ ၂၉/၂၀၂၄

 ကမ္ဘောဒီးယားရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာများ ရရှိခဲ့ ကြောင်း ခမာတိုင်းမ် သတင်းကဖော်ပြသည်။

 

ကမ္ဘောဒီးယားနိုင်ငံKampong Speu ပြည်နယ် Chbar Mon မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် ဧပြီလ ၂၇ ရက်က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာများ ရရှိခဲ့သည်။

 

ဧပြီ၂၇ရက်မွန်းလွဲ ၂ နာရီ ၂၅ မိနစ် အချိန်Chbar Morn မြို့ရှိ Borey Kamakor ရွာ အနီးရှိ စစ်ဒေသ ၃ အခြေစိုက်စခန်း ၊ ခဲယမ်းမီးကျောက် သိုလှောင်ဌာန ပေါက်ကွဲမှုဖြစ်ပွားရာ စစ်ဘက်အဆောက် အဦးများနှင့် နေအိမ်အချို့မီးလောင်ပျက်စီးခဲ့သည်။

 

ပေါက်ကွဲမှုဖြစ်ပွားရာ စစ်အခြေစိုက်စခန်းနှင့် လူနေအိမ်တန်းလျားများသည် Chbar Morn မြို့မှ တစ်ကီလိုမီတာကျော် အကွာတွင်ရှိသည်။ လတ်တလော ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ မသိရှိရသေးပေ။

 

ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Chhum Sucheat ထံ မှတ်ချက်ပေးရန် ဆက်သွယ်မှုပြုခဲ့သော်လည်း၄င်းနှင့်ဆက်သွယ်မှု မရခဲ့ပေ။

 

ကမ္ဘောဒီးယား ဘုရင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Thong Solimo နှင့် တော်ဝင် ကမ္ဘောဒီးယား ကြည်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်Mao Phalla တို့က အသေးစိတ်သတင်း အချက်အလက်များကို မသိရသေးကြောင်း ပြောဆိုသည်။

 

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမည်မဖော်လိုသူ စစ်သားတစ်ဦး က စစ်သားများသည် ထရပ်ကား၅ စီးမှ ခဲယမ်းများကို သယ်ဆောင် နေစဉ် ပေါက်ကွဲ မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

 

စစ်ဒေသ ၃ တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး Yoeun Sokhon ၏ ပဏာမ အစီရင်ခံစာအရ ကုန်တင်ယာဉ် ငါးစီးအနက် ၁ စီးမှာ လုံးဝ မီးလောင်ခဲ့ပြီး နောက်တစ်စီး လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

အခြားကုန်တင်ယာဉ်သုံးစီးမှ ခဲယမ်းများကိုမူ သယ်ဆောင်ခြင်းမပြုရသေးပေ။

 

မီးလောင်မှုကြောင့် အဆောက်အဦးလေးလုံး ကြီးမားစွာ ပျက်စီးခဲ့သည်။ စစ်အခြေစိုက် စခန်းရုံးများ လည်း ပျက်စီးခဲ့ပြီး ပြတင်းပေါက်များ၊ တံခါးများနှင့် အမိုးများ အများအပြား ပျက်စီးခဲ့သည်။

 

ကျဆုံးသွားခဲ့သည့် စစ်သား ၂၀ ဦး၏ ဈာပနကို ယမန်နေ့က စစ်ဒေသ ၃ အခြေစိုက်စခန်းတွင်ပြုလုပ်ခဲ့ပြီးတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးTea Seihaသည်ဈာပန အခမ်းအနားသို့ တက်ရောက် ခဲ့သည်။

 

 ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် စစ်သည်များ၏ မိသားစု၀င်များကို ဝမ်းနည်းကြေကွဲကြောင်း ၀န်ကြီးချုပ် Hun Manet က ပြောကြားခဲ့သည်။

 

“ လက်နက်ခဲယမ်း ပေါက်ကွဲမှုကြောင့် စစ်သား အယောက် ၂၀ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတဲ့ သတင်းကို ကြားရတာ များစွာ အံ့သြတုန်လှုပ်မိပါတယ်” ဟု ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ Source/The Khmer Times.

ဆက်စပ် သတင်းများ