ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်လာခြင်းကြောင့် မြန်မာစစ်ကောင်စီက ပြည်ပဆန်တင်ပို့မှု ထိန်းချုပ်ကန့်သတ်မည်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 900

နိရဉ္စရာ၊ ဩဂုတ် ၂၇/၂၀၂၃

 ပြည်တွင်းဆန်စျေးနှုန်းများ တစ်နေ့တခြား မြင့်တက်လာခြင်းကို ထိန်းချုပ်ရန် မြန်မာစစ်ကောင်စီသည် ပြည်ပသို့ ဆန်တင်ပို့မှုကို ထိန်းချုပ်ကန့်သတ်သွားမည်ဟု မြန်မာဆန်စပါးလုပ်ငန်းရှင်များအသင်းက ဩဂုတ် ၂၆ ရက်တွင် ပြောကြားလိုက်သည်။

 

ကမ္ဘာပေါ်တွင် ဆန်တင်ပို့ အများဆုံး အိန္ဒိယနိုင်ငံလည်း ပြည်ပသို့ ဆန်တင်ပို့မှု ရပ်ဆိုင်းထားခဲ့ရာ မြန်မာနိုင်ငံလည်း ဆန်တင်ပို့မှု ထိန်းချုပ်သည့် နိုင်ငံတစ်ခုဖြစ်လာသည်။

 

“ ဒီလကုန်ကစပြီး ပြည်ပဆန်တင်ပို့မှုကို ၄၅ ရက်လောက် ယာယီကန့်သတ်သွားဖို့ ရှိပါတယ်” ဟု မြန်မာဆန်စပါးအဖွဲ့ချုပ်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

 

ယခုရက်ပိုင်းအတွင်း ပြည်တွင်းဆန်စျေးနှုန်းများ မြင့်တက်လာသည့်အတွက် အာဏာပိုင်များကယခုလို ထိန်းချုပ်ကန့်သတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ဆန်အများဆုံးတင်ပို့သောနိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၂ သန်းခန့် ပြည်ပသို့ တင်ပို့နေသည်ဟု အမေရိကန် စိုက်ပျိုးရေးဌာန စာရင်းအရ သိရှိရသည်။

 

ပြီးခဲ့သည့်လက အိန္ဒိယသည် ဘာစမာတီဆန် မဟုတ်သော ဆန်ဖြူများ ပြည်ပတင်ပို့မှုကို ပိတ်ပင်ခဲ့သည့်အတွက် ကမ္ဘာ့စျေးကွက်တင် ဆန်တန်ချိန် ၁၀ သန်း လျော့နည်းသွားခဲ့သည်။

 

 “ မြန်မာနိုင်ငံဟာ အိန္ဒိယတို့ ထိုင်းတို့လို ကမ္ဘာ့ဆန်စျေးကွက်မှာ အင်အားကြီးမဟုတ်ပေမယ့် ရောင်းလိုအားကျဆင်းလာတဲ့ ခုလိုအချိန်မှာ ကန့်သတ်မှုပြုလုပ်တာဖြစ်တယ်” ဟု မွမ်ဘိုင်းအခြေစိုက် ဆန်စပါးရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။

 


Ref and Photo: The Daily Star

ဆက်စပ် သတင်းများ