ဗုဒ္ဓဟူး၊ မေလ ၂၂ရက်၊ ၂၀၂၄

နမ္မတူမြို့မှ သိမ်းဆည်းရရှိသည့်လက်နက်ခဲယမ်းများအား တအာင်းတပ်မတော် ခင်းကျင်းပြသ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 666

ရှမ်းပြည်နယ်၊ နမ္မတူမြို့မှ စစ်ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများအား တအာင်းတပ်မတော် PSLF/TNLA အများပြည်သူများသိရှိအောင် ခင်းကျင်းပြသလိုက်သည်။

တအာင်းပြည်နယ် တပ်မဟာ(၄)စစ်ဒေသရှိ စစ်ကောင်စီ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိကြောင်း ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။


နမ္မတူမြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်  PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့သည်။

(၄)ရက်ကြာတိုက်ခိုက်ပြီးနောက် ယနေ့ ဒီဇင်ဘာ ၂၈ ရက် နံနက်(၁း၃၀)နာရီ အချိန်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။   (NN-7)

(ဓာတ်ပုံ-တအာင်းတပ်မတော် PSLF/TNLA)



ဆက်စပ် သတင်းများ