တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများနှင့်အတူ တသားတည်း ရပ်တည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.5k

ဒီမိုကရေစီအရပ်သားအစိုးရကို ဖြုတ်ချပြီး အကြမ်းဖက် စစ်တပ် အာဏာသိမ်းထားသည့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ကိုယ်ပိုင်ဆုံးဖြတ် ရွေးချယ်ပိုင်ခွင့်၊ တည်ငြိမ်မှုနှင့် လုံခြုံရေးတို့အတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများနှင့်အတူ တသားတည်း ရပ်တည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ပြောသည်။

ယနေ့ ဇန်နဝါရီ ၄ ရက်တွင် ရောက်ကျသည့် ၇၆ နှစ်မြောက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ပြန်ချက်ထဲတွင် ယခုကဲ့သို့ ဖော်ပြလိုက်ပြီး စစ်အာဏာရှင်အဖွဲ့အစည်း၏ အကြမ်းဖက်မှုများကို အဆုံးသတ်စေရန်နှင့် နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် လူသားချင်းစာနာမှုအကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန်နှင့် ဖွံ့ဖြိုးတိုးတက်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိလိုသည့် ပြည်သူလူထု၏ ဆန္ဒကိုလည်း အသိအမှတ်ပြုရန်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က စစ်ကောင်စီကို တောင်းဆိုထားသည်။

အမေရိကန်ပြည်ထောင်စုသည် ရှေးမဆွကပင် မြန်မာပြည်သူများနှင့် ၄င်းတို့၏ အခွင့်အရေးဖြစ်သည့် စည်းလုံးညီညွတ်သောပြည်ထောင်စုတစ်ခုဆီသို့ မိမိတို့အနာဂါတ်ကို မိမိတို့ကိုယ်တိုင် သတ်မှတ်လျှောက်လှမ်းနိုင်ရေးကို အားပေးထောက်ခံခဲ့ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီမှစတင်ခဲ့သည့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်သည် သာယာဝပြောမှုကို ပြန်လည်ရရှိရန်နှင့် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုရှိရေး ရည်မှန်းချက်များဆီသို့ ရှေ့ဆက်လျှောက်လှမ်းရန် မြန်မာပြည်သူများ၏ ခိုင်မာသော သံန္နိဌာန်ကို ယုတ်လျော့မသွားစေနိုင်ခဲ့ပါ။ ဤသို့ အားထုတ်မှုတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် မိမိတို့ ဝမ်းနည်းပူဆွေးကြရပြီး ၄င်းတို့ကို လေးစားဂုဏ်ပြုအပ်ပါသည်။

အမေရိကန်အနေနှင့်  မြန်မာပြည်သူလူထုအပေါ်မှာ အစဥ်တစိုက် ထောက်ခံအားပေးခဲ့ပြီး စည်းလုံးညီညွတ်သည့် ပြည်ထောင်စုတခုဆီ တည်ဆောက်နိုင်မည့် အနာဂတ်ကို မိမိတို့ကိုယ်တိုင် သတ်မှတ်လျှောက်လှမ်းနိုင်ရေးကို အားပေးထောက်ခံခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက ရည်ရွယ်ချက်ရှိရှိ စစ်တပ်၏ အကြမ်းဖက်မှုတွေက နိုင်ငံသာယာဝပြောမှုကို ပြန်လည်ရရှိရန်၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရည်မှန်းချက်များ ရောက်ရှိရန် မြန်မာပြည်သူလူထု၏ ခိုင်မာသည့် သန္နိဋ္ဌာန်ကို ယုတ်လျော့မသွားစေနိုင်ကြောင်းနှင့် အားထုတ်မှုတွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းပူဆွေးပြီး သူတို့ကို လေးစား ဂုဏ်ပြုကြောင်းလည်း ဖော်ပြထားသည်။ (NN - 9)

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!