ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဆိုလိုက်ရသူများကို ပြန်ဖြေခွင့်ပေးမည် ဟု စစ်ကောင်စီကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ မတ် ၂ဝ/၂ဝ၂၄

တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုလိုက်ရသူများကို ပြန်ဖြေခွင့်ပေးမည်ဟု ယနေ့ မေလ ၂ဝ ရက်နေ့တွင် စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ထားသည်။

“တက္ကသိုလ်စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် မရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီစဉ်တရပ်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးများနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုအရ သတ်မှတ်ထားသည့် အခြေခံက ျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲ ဖြေဆိုစေခြင်းကို ဆောင်ရွက်ပေးမည်။”ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ကြေညာထားသည်။

ဖြေဆိုရမည့်ရက်ကို ထပ်မံကြေညာသွားမည်ဟု ဆိုသည်။

စစ်ကောင်စီက ပထမဦးဆုံးအကြိမ်စနစ်သစ် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ရက်နေ့ကစပြီး နိုင်ငံတဝှမ်းမှာ ကျင်းပခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲများကြောင့် ကျောင်းသား ၁၈,ဝဝဝ ခန့် လာရောက်ဖြေဆိုခဲ့ခြင်းမရှိခဲ့ကြောင်းသိရသည်။

ကနဦးဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသားအရေအတွက်မှာ ၁၄၆,၅၂၃ ဦးရှိခဲ့ကြောင်း ၎င်းသတင်းစာက မတ်လ ၁၃ ရက်နေ့ကဆိုထားသည်။

ယင်းအထဲတွင် တိုက်ပွဲပြင်းထန်နေသည့် ရခိုင်မှ ကျောင်းသူ၊ ကျောင်းသား ၁ သောင်းကျော် ရှိခဲ့ကြောင်းသိရသည်။

နိုင်ငံတဝှမ်းတွင် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၁၆ဝ,ဝဝဝ ဦးတွင် ၁၂ဝ,ဝဝဝ ကျော်ဖြေဆိုခဲ့သဖြင့် ပြီးခဲ့သည့် နှစ်ကထက် ဖြေဆိုသူ ဦးရေ သုံးသောင်းကျော်လျှော့နည်းခဲ့သည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!