အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

BPLA အပတ်စဥ်(၆) သင်တန်း ဆင်းပွဲပြုလုပ်(ဓာတ်ပုံသတင်း)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 299

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ ဧပြီ ၁၁ / ၂၀၂၄

 ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အပတ်စဥ်(၆)သင်တန်းဆင်းပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့တွင် အမှတ်(၁၀၇) စစ်ဒေသ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)သည် ရက္ခိုင့်တပ်တော်(AA)၏ မဟာမိတ်ဖြစ်ပြီး ဧပြီ ၁၀ ရက်နေ့က ကျရောက်သည့် (၁၅) နှစ်မြောက် ရက္ခိုင်တပ်တော်နေ့သို့ သဝဏ်လွှာ ရေးသား ပေးပို့ခဲ့သည်။


သဝဏ်လွှာထဲတွင်  ဓရက္ခိုင့်တပ်တော်(AA)သည် မဟာမိတ်အဖွဲ့များနှင့်အတူ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော်(BPLA)အား စစ်ပညာသင်ကြားပေးခြင်း၊ လိုအပ်သည့် အကြံဥာဏ်များနှင့် အကူအညီများပေးအပ်နေခြင်းတို့အတွက် ကျေးဇူးအထူး တင်ရှိပါကြောင်း” ပါရှိသည်။


 ၎င်းအပြင် BPLA သည်လည်း AA အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးနှင့် ဟန်ချက်ညီစွာ လက်တွဲ၍ အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကျဆုံးရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီမျှရေး တို့ကို အပြည့်အဝ အာမခံနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးတို့ အတွက် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း သဝဏ်လွှာထဲတွင် ဖော်ပြထားသည်။

သတင်း/ဓာတ်ပုံ - အောင်ခန့်

ဆက်စပ် သတင်းများ