စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မြန်မာရေတပ်က ပစ်ခတ်ခဲ့မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားနှစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 602

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၁/၂၀၂၄

 

ဘင်္ဂလားပင်လယ်တွင်း ငါးဖမ်းရာမှ ပြန်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားနှစ်ဦးကို မြန်မာရေတပ်က ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံးသေနတ်ထိမှန်ဒဏ်ရာခဲ့သည်ဟု ဒါကာ ထရီဗြူး သတင်းကဖော်ပြသည်။

 

ဒဏ်ရာရသူများမှာ မိုဟာမက်ဖာရက်(၂၀)နှစ်၊ မိုဟာမက်အစ်မေးလ်(၂၀)နှစ်တို့ဖြစ်သည်။

 

၄င်းတို့သည် ဘင်္ဂလားပင်လယ်အော်တွင် ငါးဖမ်းရာမှ တက္ကနက် ရှိ နတ်မြစ်ကိုဖြတ်သန်းနေစဥ် ယနေ့ နံနက် ၁၁ နာရီခန့်တွင် မြန်မာရေတပ် လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

 

 " အစ်မေးလ် က ဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်။ သူကတော့ တက္ကနက် မှာ ဆေးကုသမှု ခံယူနေပါတယ်။ ကျန်တစ်ယောက် ဖာရက် ကတော့ ကျည်ဆံသုံးချက်ထိမှန်ခဲ့ပါတယ်။ သူ့ရဲ့ အခြေအနေက ဆိုးရွားပါတယ်။ ဒါကြောင့်သူ့ကို ကော့စ်ဘဇား ဆေးရုံကို ပို့ထားပါတယ်"ဟု တက္ကနက်မြို့နယ် ဆေးဘက်ဆိုင်ရာအရာရှိ Suraiya Yasmin ကပြောသည်။

 

"သူတို့ဟာပင်လယ်ထဲမှာ ငါးဖမ်းရာမှ ပြန်လာစဉ် မြန်မာရေတပ်က ပစ်ခတ်မှုကြောင့် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိထားပါတယ်။ အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ဆင်လက်လုပ်ဆောင်နေပါတယ်"ဟု တက္ကနက် ရဲစခန်းမှ စစ်ဆေးရေး အရာရှိ Abdur Razzak က ပြောသည်။

 

Source/ Daka Tribune

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!