စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖိုးဖမြို့နယ်နှင့် ဘန့်တာ့က်မြို့နယ်ရှိ ကျေးရွာများတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 173

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ မေ ၄ / ၂၀၂၄


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖိုးဖမြို့နယ်နှင့် ဘန့်တာ့က်မြို့နယ်ရှိ ကျေးရွာများတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က မေလ ၂ ရက်နေ့တွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြချက်အရ သိရသည်။


ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၄ ဦးထဲတွင် အမျိုးသမီး ၂၀ ကျော် ပါဝင်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဖူးခက်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကရင်ပြည်နယ် ၊ မြ၀တီမြို့မှတရားမဝင်နယ်စပ်လမ်းမှတဆင့် ဝင်လာရောက်ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ထိုင်းရဲတပ်ဖွဲ့၏စစ်ဆေးမေးမြန်းမှုကို ကိုးကား၍ဖော်ပြထားကြသည်။


ဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၄ ဦးသည် တစ်ဦးလျှင် ဘတ် ၂၅၀၀၀ မှ ၃၀၀၀၀အထိ ပွဲစားခပေးပြီး ဝင်ရောက်လာသူများ ဖြစ်ကြောင်းသိရသည်။


တာ့ခ်ခရိုင် ဖိုးဖမြို့နယ်နှင့် ဘန့်တာ့က်မြို့နယ်ကျေးရွာများတွင် တရားမဝင် ခိုးဝင်လာသူများရှိကြောင်းထိုင်းလူမျိုးများ၏ သတင်းပေးမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က သတင်းအရ သွားရောက်စစ်ဆေးချိန် ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။


ဖမ်းဆီးခံ အထောက်ထားမဲ့ မြန်မာလုပ်သား ၇၄ဦးအား လက်ရှိတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင်ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ၊ ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း SIAMFOCUSTIME သတင်းဌာနမှဖော်ပြထားကြောင်းသိရသည်။


ဓာတ်ပုံ- SIAMFOCUSTIME

ဆက်စပ် သတင်းများ