စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ ကောင်စီတပ်ဖွဲ့ဝင် (၂၆) ဦးသေဆုံးကာ တပ်ရင်းမှုးအပါအဝင် (၁၃) ဦးထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 281

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ မေ ၄ / ၂၀၂၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းအား မေလ ၃ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF မှ ထုတ်ပြန်ထားသည်။

တောင်စွန်းစခန်းအား ဧပြီ (၇) ရက်နေ့တွင် ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ဧပြီလ (၁၇) ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မေလ (၃) ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် ရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့ကာ စခန်းသိမ်းရှင်းလင်းရေးဆောင်ရွက်ပြီး လက်နက်ကြီး လက်နက်ငယ်  (၄၀) ကျော် နှင့် ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆) ဦးသေဆုံးကာ တပ်ရင်းမှုးအပါအဝင် (၁၃) ဦးထွက်ပြေးသွားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းအား မေလ ၃ ရက်နေ့ နံနက်ပိုင်းတွင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/ အထူးတပ်ဖွဲ့) ၊ lion battalion commando စစ်ကြောင်း၊federal wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ MI35 (၅) ကြိမ် ၊ Y12 ဗုံးကျဲလေယဥ်ဖြင့်(၂၃) ကြိမ်၊ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု (၃၆) ကြိမ်ပြုလုပ်ခဲ့ပြီး တောင်စွန်းကျေးရွာ၊ ဆင်ပြေးကျေးရွာရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များ (၅၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

ထို့အပြင် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်များလည်းထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က ပြည်သူသို့ အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF

ဆက်စပ် သတင်းများ