အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်၍ တစ်ဦးသေ ၈ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 748

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၁ဝ/၂ဝ၂၁

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ယနေ့ နေ့လယ်က ပေါက်ကွဲမှုဖြစ်၍ အသက် ၄ဝ ကျော် အရွယ်အမျိုးသမီး တစ်ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အသက် ၄ဝ ကျော်အရွယ် ဒေါ်လှသန်းနွယ်ဖြစ်ကြောင်း ၎င်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

“ ဒေါ်လှသန်းနွယ်က ဆုံးပါတယ်။ ၈ ဦးဒဏ်ရာရတဲ့ အထဲမှာ ၃ ဦးက ပြင်းထန်တဲ့ အတွက် မြောက်ဦးဆေးရုံကို ယူသွားပြီး ၅ ဦးကိုတော့ မြောင်းဘွေတိုက်နယ်ဆေးရုံကို ယူဆောင်သွားပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ပေါက်ကွဲမှုမှာ ရွာပြင်စပ် ဘုန်းကြီးကျောင်းအနီးက နေအိမ်တစ်ခုတွင် နေ့လယ် ၁ နာရီ အချိန်က ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ၎င်းဗုံးကို ထိမိရာမှ ပေါက်ကွဲမှုဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန်တွင် ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်နေရသဖြင့် မစစ်ဆေးနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

ဒဏ်ရာရသူ ၈ ဦးထဲတွင်  ဦးကျော်နု (၄၂) နှစ်၊ ဒေါ်နုနုသန်း (၄၄) နှစ်၊  မစောသန်းနု( ၁၆) နှစ်၊ မောင်စောမြင့် (၁၄) နှစ်၊ ကျော်ကျော်နိုင် (၁၆) နှစ်၊ မသန်းဌေး (၂၃) နှစ်၊ မအေးအေးမိုး (၄) နှစ်၊ တို့ ဖြစ်ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ