ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

ပဋိပက္ခများဖြစ်ပွားနေသည့် မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသားများကို ကယ်ထုတ်ရန် ထိုင်းဘုရင့်ရေတပ် အသင့်ပြင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 995

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၉/၂၀၂၄

 မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပိုမို ပြင်းထန်လာနေ သည့် အတွက် ထိုင်း နိုင်ငံသားများကို မြန်မာနိုင်ငံမှရွှေ့ပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန်တွက် ထိုင်းဘုရင့်ရေတပ် (RTN) က သင်္ဘောလေးစင်းကို ကပ္ပလီပင်လယ်အတွင်းစခန်းချကာ အသင့်ပြင်ထားကြောင်း Thaiger သတင်းကဖော်ပြသည်။

 

ထိုင်းနိုင်ငံသားများကိုကယ်တင်ရေးအတွက် ဖရီးဂိတ်စစ်သင်္ဘော ၂ စီး၊ကမ်းတက်သင်္ဘော ၂ စင်းတို့ကိုအဆင်သင့်ပြင်ထားဖို့ထိုင်းဘုရင့်ရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Adoong Pan-Iam က ဒေသ (၃) တပ်မမှူးအား ညွှန်ကြားခဲ့ကြောင်းသိရသည်။

 

 မြန်မာအစိုးရစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုပြင်းထန်လာ မည်ဆိုပါက မြန်မာနိုင်ငံတွင် နေထိုင်လျှက်ရှိ သော ထိုင်း နိုင်ငံသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာလျှင် အဆိုပါ စစ်သင်္ဘောများကချက်ခြင်း ကယ်ဆယ်ရေးကို ဦးစားပေးလုပ်ဆောင်သွားမည် ဖြစ်သည်။

 

မကြာသေးခင်ကတိုက်ပွဲများ ပြင်းထန်ခဲ့သည့် ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်ဖက်ရှိ မြန်မာနိုင်ငံ မြဝတီ မြို့တွင် လတ်တလော တိုက်ပွဲများရပ်ဆိုင်းနေသည်။

 

သို့သော်လည်းထိုင်းနိုင်ငံ Sai Yok ခရိုင်ရှိ Ban Thai Muang မှ ၁၀ ကီလိုမီတာခန့်သာကွာ ဝေးသည့် ထားဝယ်ဒေသတွင်တော်လှန်ရေးသမား ၁၂၀ ခန့်သည် အစိုးရ တပ်ဖွဲ့ဝင် (၂၀)ဦးခန့် ရှိသည့် စစ်အခြေစိုက် စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးအဆို ပါစခန်းအားမီးရှို့ဖျက်ဆီးခဲ့သည်။အဆိုပါ စခန်း မှ မီးတောက်နှင့် မီးခိုးငွေ့ များကို ထိုင်းနိုင်ငံဖက်မှ မြင်တွေ့ခဲ့ရသည်ဟုထိုင်းလုံခြုံရေး သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းကဖော်ပြထားသည်။

ဆက်စပ် သတင်းများ