တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေဟိုတယ်ကမ်းခြေရှေ့တွင် ဝေလငါးတစ်ကောင် သောင်တင်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6k

နိရဥ္စရာ၊ ဇူလိုင် ၆/ ၂၀၂၂
ရခိုင်ပြည်၊ စစ်တွေမြို့ စစ်တွေဟိုတယ်ဟိုတယ်ရှေ့ရှိ ကမ်းခြေသဲသောင်ပြင်ပေါ်တွင် ဝေလငါးအသေတစ်ကောင် သောင်တင်တွေ့ရှိသည်ဟု သိရသည်။
အဆိုပါဝေလငါးအသေကို ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့၊ ည ၁၁ နာရီခန့်တွင် သောင်တင်တွေ့ရှိခြင်းဖြစ်သည်ဟု သွားရောက်ကြည့်ရှုခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ အသင်းဝင် ကိုဉဒေါင်းက ပြောသည်။
"ဝေလငါးက ဘာကြောင့်သေတယ်ဆိုတာကိုတော့ ကျွန်တော်လည်း အတိအကျမပြောတတ်ဘူး။ ဘယ်အချိန်ကတည်းက သေတယ်လို့လည်း ကျွန်တော်တို့မသိရဘူး။ ငါးက သေတာ ကြာပုံမပေါက်သေးဘူး။ လတ်လတ်ဆတ်ဆတ် လုံးဝအလတ်ကြီးရှိသေးတယ်" ဟု ပြောသည်။
အဆိုပါဝေလငါးမှာ အလျား ၁၀ ပေ၊ အနံ ၃ ပေခန့်ရှိသည်ဟုလည်း သိရသည်။
ဝေလငါးအသေကို စစ်တွေဟိုတယ်ရှေ့ သဲသောင်ပြင်ပေါ်တွင် ယနေ့နံနက်အထိ ထားရှိပြီး ငါးလုပ်ငန်းဦးစီးဌာနက လာယူမည့်အချိန်ကို စောင့်နေကြသည်ဟုလည်း သိရသည်။
"ကျွန်တော်တို့က ငါးလုပ်ငန်းဦးစီးဌာနကို မနေ့ညက တည်းက ဖုန်းဆက်ခဲ့တယ်။ ဖုန်းမကိုင်ဘူး။ ရေစီးနဲ့ မျှောပါမသွားရအောင်တော့ သဲသောင်ပြင်ကို ဝိုင်းပြီး တင်ပေးခဲ့ကြတယ်" ဟု ကိုဥဒေါင်းက ပြောသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်ကလည်း ဂွမြို့နယ်၊ ပုန်ညက်ကျေးရွာ၊ ညောင်ပင်ခုန်ကမ်းခြေတွင် မိုးသည်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အလျား ၁၀ ပေ၊ အနံ ၄ ပေကျော်ရှိသည့် ဝေလငါးသားပေါက်အသေတစ်ကောင် သောင်တင်သေဆုံးခဲ့သည်။ (NN-12)

ဆက်စပ် သတင်းများ