တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် သောက်သုံးရေရှားပါး၍ နွားများသေဆုံးအထိ ရှိလာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 571

နိရဥ္စရာ၊ ဧပြီ ၂၄ / ၂၀၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် သောက်သုံးရေရှားနေသည့်အတွက် နွားများသေဆုံးသည် အထိရှိလာနေသည်ဟု ကျေးရွာသားများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဒိုးတန်းကျေးရွာအနီးရှိ စားကျက်မြေအတွင်း နွားများသောက်သုံးနေသည့် ရေများမှာ ခမ်းခြောက်သွားပြီဖြစ်ပြီး ဆားငံရေများကိုသာ သောက်သုံးနေရသည့်အတွက် ဧပြီလအစောပိုင်းမှစတင်ကာ နွားများ စတင်သေဆုံးမှုဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

သေဆုံးသွားသည့်နွားများမှာ ဒိုးတန်းကျေးရွာမှ ဦးသိန်းထွန်း၊ ဦးစံမြထွန်းနှင့် ဦးမောင်စိုးလှိုင်တို့၏နွား ၄ ကောင်ဖြစ်ကြောင်း ဒိုးတန်းကျေးရွာသား ဦးကျော်လှဇံက ပြောသည်။

ရေတွေက ခြမ်းခြောက်လာတယ်။ နောက်ပြီးတော့ ဆားငံရေလည်း ဝင်သွားတယ်။ အဲဒီရေတွေကို သောက်တဲ့အတွက် ဆုံးပါးသွားခဲ့တာပါဟု ပြောသည်။

ထိုကဲ့သို့ နွားများသေဆုံးသွားရသည့်အတွက် နောက်ထပ်ကျွဲ၊ နွားများမသေဆုံးစေရန် ရေတွင်းများတူပြီး ရေခပ်တိုက်နေရသည်ဟု သူက ဆက်ပြောသည်။

၄င်းအပြင် အဆိုပါ ဒိုးတန်းကျေးရွာတွင် လူအသုံးပြုနေသည့် ရေကန်များမှာလည်း ခမ်းခြောက်နေပြီဖြစ်သည့်အတွက် ရေတွင်းများတူကာ အသုံးပြုနေရကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာအများစုတွင် ရေရှားပါးမှုဒဏ်ကို နွေရာသီရောက်တိုင်း အလူးအလဲ ခံနေကြရကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းတချို့တွင်လည်း အပူချိန်မြင့်မားလာမှု၊ ရေရှားပါးမှုတို့ကြောင့် အရေပြားရောဂါဖြစ်ပွားမှုများပင် ရှိလာနေသည်ဟုလည်း သိရသည်။ (NN-21)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!