သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

မိုခါ ဆိုင်ကလုန်မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ဦးရာဇ်မင်္ဂလာတံတား မကြာမီသွားလာခွင့် ရတော့မည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 631

မိုခါဆိုင်ကလုန်မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ပုဏ္ဏားကျွန်းမြို့နှင့်  ဦးရာဇ်တောင်စေတီကို ဖြတ်သန်းထိုးထားသည့် ဦးရာဇ်မင်္ဂလာကြိုးတံတားမှာ ယခုအခါ ပြုပြင်မှုပြီးစီးတော့မည့်ဖြစ်သည့် အတွက် မကြာမီရက် ပိုင်း အတွင်း ပုံမှန်သွားလာခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းတွေက အားလုံးနီးပါးပြီးသွားပါပြီး ဘေးကကြိုးတပ်ဖို့ဘဲ့ကျန်တယ်။ ကြိုးတပ်ပြီးရင်တော့ အားလုံး ပြီးပါပြီ။ဟု ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦးကပြောသည်။

ဦးရာဇ်မင်္ဂလာ တံထားမှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်မုန်တိုင်းကြောင်း ပျက်စီးခဲ့ပြီး လူသွားလူလာများသော တံတားတစ်စင်းဖြစ်သဖြင့် ဒေသခံများက အခိုင်အမာတည်ဆောက်ထားသည့် ကွန်ကရစ်တံတားအဖြစ် တိုးမြင့်လုပ်ဆောင်ပေးရန် အစိုးရအဆက်ဆက်အား တောင်းဆိုထားခဲ့ကြသည်။

၎င်းတံတားပျက်စီးပြီး တစ်လခန့်အကြာ ဇွန်လ ၁၂ ရက်နေ့တွင် နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့်အဖွဲ့ ပုဏ္ဏားကျွန်းမြို့ကို ရောက်လာသည့်အချိန် တံတားကို သွားရောက်ကြည့် ရှုခဲ့ပြီး  ပြုပြင်ရန် ခန့်ကုန်ကျမည့်ငွေ ကျပ်သိန်း ၇၀၀ ခွင့်ပြုခဲ့သည်ဟု သိရသည်။

ဦးရာဇ်မင်္ဂလာတံတားမှာ ပုဏ္ဏားကျွန်းမြို့နှင့် ကင်းချောင်းတစ်ဘက်ကမ်းရှိ ဦးရာဇ်တောင်စေတီကို ဖြတ်ထိုး ထားသည့် တံတားဖြစ်ပြီး မင်းဂံ၊ ကျော်ဇံနဲ့ တန်းခိုးစသည့် ရွာသားများ မှာလည်း အဆိုပါ တံတားကို အားထားပြီး ပုဏ္ဏားကျွန်းမြို့ကို သွားလာနေကြရခြင်းဖြစ်သည်။

မနက်ဖန် လောက်ဆို ပုံမှန်သွားလာလို့ရပြီလို့တော့ ပြောနေကြတယ်။ အခုတော့ ကြိုးတွေတပ်နေကြတယ်။ ဘေးက သံဇကာတွေလည်း တပ်နေကြတယ်။ လောလောဆယ်တော့ လူတွေကိုသွားလာခွင့်မပေးသေးဘူး။ အားလုံးပြီမှဘဲ သွားခွင့်ပေးမယ်ထင်တယ်။ဟု တခြားပုဏ္ဏားကျွန်းဒေသခံ တစ်ဦးကလည်း ယနေ့နံနက်တွင် နိရဉ္စရာကိုပြောသည်။

အိန္ဒိယနိုင်ငံတွင် သီတင်းနေထိုင်သည့် အရှင် ညာဏိဿာရ မှလည်း မုန်တိုင်းအပြီး ရခိုင်ပြည်ကို ရောက်ရှိ လာချိန်တွင် အဆိုပါ တံတားကိုပြုပြင်ရန် အလှူငွေများ ထည့်ဝင်ခဲ့သည်။

ဦးရာဇ်မင်္ဂလာ ကြိုးတံတားကို ၁၉၄၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုတွင် ပြီးစီးခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ညနေပိုင်းက ဘုရားဖူးများ သွားလာနေချိန် တံတားကျိုးကျမှုဖြစ်ပွားခဲ့ သည့် အတွက် ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးရန် တောင်းဆိုမှုများလည်း ရှိခဲ့ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!