တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူ၊ မောင်တောနှင့် ပလက်၀တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့သည် ကျောက်ဖြူ၊ မောင်တောနှင့် ပလက်၀မြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာ၂၂ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း  ညီနောင်မဟာမိတ်သုံးဖွဲ့က“Operation 1027၁၀၂၇စစ်ဆင်ရေး (၅၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ ထုတ်ပြန်ရာတွင်ဖော်ပြထားသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် နံနက် () နာရီအချိန်ခန့်တွင် ကျောက်ဖြူမြိုနယ်ရှိ ဓညဝတီ ရေတပ်စခန်းအနီး၌ စစ်ကောင်စီ စစ်ကြောင်း တစ်ခုမှ ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာနယ်မြေသို  ရုတ်ချည်း စစ်ကျွံလာ၍ စစ်ရေးထိပ်တိုက်အခြေအနေကြောင့် ထိတွေ့ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် (AA) သည် တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသော ရန်သူ့စခန်းများထဲမှ တစ်ခုဖြစ်သော ပလက်ဝမြို့နယ်၊ အိန္ဒိယနယ်စပ် BP-9 မြိတ်ဝရွာ၏ တောင်ဘက် () ကီလိုမီတာအကွာ (တနည်း) နယ်စပ်မှတ်တိုင် BP-5 အရှေ့ဘက် .၄၅ ကီလိုမီတာအကွာ အဝေးတွင်ရှိသည့် ပွိင့် (၃၇၇) စခန်းအား အပြီးသတ် ချေမှုန်း သိမ်းပိုက်နိုင်ရန် အတွက် ထပ်မံကြိုးပမ်းလျက်ရှိသည်ဟုဆိုသည်။

ထို့အပြင် ယမန်နေ့ နံနက် ၁၁ နာရီ ၂၇ မိနစ်အချိန်ခန့်တွင်လည်း မောင်တောမြိုနယ် မြောက်ပိုင်း၊ နခခ () အနီး ကြောင်နဘေ ကျေးရွာ အနား၌ မိနစ်အနည်းငယ်ခန့်ကြာသော နှစ်ဘက်ရင်ဆိုင်ထိပ်တိုက် ထိတွေ့မှု ဖြစ်ပွားခဲ့သည်

အဆိုပါ တိုက်ပွဲတွင် ရန်သူသည် အထိနာခဲ့သောကြောင့် ၎င်းတို့၏ ထုံးစံ၊ လုပ်လေ့လုပ်ထရှိသည့် အတိုင်း ကြောင်နဘေကျေးရွာအား မီးရှိဖျက်ဆီးခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

ယမန်နေ့ နံနက် ၁၀ နာရီ ၃၈ မိနစ်အချိန်ခန့်တွင်လည်း မောင်‌တောမြို့၊ မြို့သူကြီး၊ နခခ () တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မောင်တောမြိုနယ်၊ ဗောဓိကုန်းရွာ၏ မြောက်ဘက်မီတာ (၇၀) ခန့် အကွာ၌ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်း ပါရှိသည်။

၎င်းအပြင် နံနက် ၁၁ နာရီကျော်အချိန်ခန့်ကလည်း စစ်ကောင်စီလက်အောက်ခံ မောင်တောအခြေစိုက် ဗောဓိကုန်းနယ်ခြား‌စောင့်တပ်စခန်းမှ ကံသာယာ (အလယ်) ကျေးရွာနှင့် အနီးတဝိုက်သို့ လက်နက်ငယ်များဖြင့် ရမ်းကားပစ်ခတ်ခဲ့သည်ဟုလည်း ညီနောင် သုံးဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ မောင်တောမြို့နယ်ရှိ ကျေးရွာများသို့လည်း ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ရခိုင်ပြည်၊ ဘူးသီးတောင် အခြေစိုက် စစ်ကောင်စီ၏ စကခ (၁၅) ခလရ (၂၆၃) တောင်ခေါင်းကြီးအထက်တာဝါတိုင်ကုန်း နှင့် မောင်တောအခြေစိုက် နယ်ခြားစောင့် တပ်ဖွဲခွဲ နခခ ()နှင့် နခခ () တပ်များမှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ တမင်တကာ အဆက်မပြတ်ရမ်းကား ပစ်ခတ်ခဲ့သောကြောင့် ကံသာယာ (အလယ်) ကျေးရွာတွင်း၌ လက်နက်ကြီးကျည် () လုံး ကျရောက် ပေါက်ကွဲခဲ့ကာ အနီးအနား‌ကျေးရွာများ၌လည်း အလားတူ ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ (၂၂) ရက်နေ့၊ ညနေ () နာရီ (၂၀) မိနစ်ခန့်တွင် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ နခခ () လက်အောက်ခံကိုးတန်ကောက်နယ်ခြားစောင့်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးခန့ သည် ဒေသခံ () ဦးပိုင်ဆိုင်သည့် မရိတ်သိမ်းရသေးသည့် စပါးခင်းများသို့ ဝင်ရောက်ကာ တမင် ရည်ရွယ်ချက်ရှိရှိ ဓါတ်ဆီ လောင်းကာ မီးရှို့ခဲ့သဖြင့် စပါး () ဧကကျော်မှာ မီးလောင် ပျက်စီး ခဲ့ရသည်ဟု ဆိုသည်။  

ဒီဇင်ဘာ ၂၂ ရက် ညနေ () နာရီအချိန်ခန့်၌ စစ်တွေမြို့နယ်ရှိ ကိုးရီးယားဆိပ်ကမ်းသို့ ဈေးလာဝယ်သည့် အပြစ်မဲ့အရပ်သား အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦးတို့အား ပေါက်တောမြို့နယ်၊ ရဖီးချပ်တောင်အောက် မြစ်ထဲ၌ ရပ်နားထားသည့် စစ်ကောင်စီနေဗီ (၄၄၃) မှ ၎င်းတို့စီးနင်းလာသော လှေသဗ္ဗာန်၊ ဟွန်ဒါများ၊ ဝယ်ယူလာသည့် ပစ္စည်းများနှင့်တပါတည်း သိမ်ဆည်းကာ အဆိုပါပြည်သူများအား စစ်တွေ အမှတ် () ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟုဆိုသည်။

ထို့အပြင် ညနေ () နာရီ (၃၀) မိနစ်အချိန်၌ စစ်ကောင်စီစစ်သားနှင့် ရဲတပ်ဖွဲ့ဝင် (၁၅) ဦးခန့်သည် သံတွဲမြို့နယ်၊ ကင်း‌‌‌မော် ကျေးရွာ အတွင်းသို့ ဝင်‌ရောက်လာပြီး အသက် (၅၀) အရွယ် ဒေသခံ () ဦးအား လက်နက်အင်အား အပြည့်အစုံဖြင့် အင်အားသုံး ဖမ်းဆီးသွားခဲ့ကာ လက်ရှိအချိန်တွင် ငပလီ ခမရ (၅၅) တပ်ရင်း ဖမ်းဆီးထိန်းသိမ်းထားသည်ဖော်ပြသည်။  

အလားတူပင် ညနေ () နာရီအချိန်ခန့်ကလည်း တောင်ကုတ်အခြေစိုက် စစ်ကောင်စီ ခမရ (၅၄၄)နှင့် ခမရ (၃၄၆)တပ်ရင်းများမှ တပ်ဖွဲ့ဝင်အင်အား (၅၀) ခန့်ရှိ စစ်ကြောင်းသည် တပျော့‌ကျေးရွာ အတွင်းသို့ ဝင်ရောက်၍ ဒေသခံ () ဦး အား အင်အားသုံး အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် () ဦးအား လွှတ်ပေးခဲ့ကာ ကျန် () ဦးအား လူသားဒိုင်းကာ အဖြစ် ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။  (NN-3)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!