တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရက် ၄၀ ရခိုင်စစ်ပွဲအတွင်း အရပ်သား သေဆုံးသူ ၃၄ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၃၀ ဦး၊ ဖမ်းဆီးခံရသူ ၂၄၂ ဦးအထိရှိ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်စစ်ပွဲစတင်ခဲ့သည့်နိုဝင်ဘာလ၁၃ရက်မှဒီဇင်ဘာလ၂၂  ရက်အထိ ရက် ၄၀ အတွင်းအရပ်သားသေဆုံးသူဦး၊ထိခိုက်ဒဏ်ရာ ရရှိသူ၃၀  ဦး၊ဖမ်းဆီးခံရသူ၂၄၂ဦးအထိရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခကပြောသည်။

သေဆုံးသူများမှာ ကျောက်တော်တွင် အမျိုးသား ဦး၊ အမျိုးသမီး ဦး၊ မြောက်ဦးတွင် အမျိုးသား ဦး၊ အမျိုးသမီး ဦး၊ မင်းပြား တွင် အမျိုးသား ဦး၊ အမျိုးသမီး ဦး၊ ပလက်ဝ (ချင်းပြည်နယ်) တွင် အမျိုးသား ဦး၊ အမျိုးသမီး ဦး၊ စစ်တွေတွင် အမျိုးသား ဦး၊ ပေါက်တော အမျိုးသား ဦး၊ အမျိုးသမီး ဦး၊ အမ်းတွင် အမျိုးသား ဦး၊ မောင်တောတွင် ဦး၊ ဘူးသီးတောင်တွင် အမျိုးသား ဦး၊ အမျိုးသမီး၂ ဦး၊ ရသေ့တောင်တွင် အမျိုးသား ဦးနှင့် ရမ်းဗြဲတွင် ၁ ဦးစုစုပေါင်း ဦး ဖြစ်သည်။ 

ထိခိုက်ဒဏ်ရာရရှိသူများမှာ ရသေ့တောင်တွင် အမျိုးသား ဦး၊ အမျိုးသမီး ဦး၊ ဘူးသီးတောင်တွင် အမျိုးသား ဦး၊ အမျိုးသမီး၂ ဦး၊ မောင်တောတွင် အမျိုးသား ဦး၊ အမျိုးသမီး ဦး၊ စစ်တွေတွင် အမျိုးသား ဦး၊ အမျိုးသမီး ဦး၊ မြေပုံတွင် အမျိုးသား ဦး၊ အမျိုးသမီး ဦး၊ ပလက်ဝ (ချင်းပြည်နယ်) တွင် အမျိုးသား ဦး၊ အမျိုးသမီး ၁၀ ဦး၊ ကျောက်တော်တွင် အမျိုးသား ဦး၊ အမျိုးသမီး ဦး၊ မင်းပြားတွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၉ ဦး၊ မြောက်ဦးတွင် အမျိုးသား ဦး၊ ပေါက်တောတွင် အမျိုးသမီး ဦး၊ ပုဏ္ဏားကျွန်းတွင် အမျိုးသား ဦး၊ အမျိုးသမီး ဦး၊ အမ်းတွင် အမျိုးသား ဦး၊ အမျိုးသမီး ဦးနှင့် ရမ်းဗြဲတွင် ၁ ဦး စုစုပေါင်း ၃၀ ဦး ဖြစ်သည်။

အဆိုပါ ထိခိုက်သေဆုံးမှုများမှာ စစ်ကောင်စီက ဒေသခံအရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက် သေဆုံးမှုဖြစ်ပြီး စစ်ကောင်စီက စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

"ရခိုင်မှာ စစ်ပွဲနဲ့မဆိုင်တဲ့အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းက လာပြီး ဗုံးကြဲတာ၊ ဒရုန်းတွေနဲ့ လာပြီးပစ်ခတ်တာ၊ သေသွားတဲ့ ပြည်သူတွေရဲ့ အလောင်းတွေကို အလောင်းဖျောက်တာ၊ အဲ့ဒီလိုမျိုး လူသားမျိုးနွယ် အပေါ်မှာ စစ်ရာဇဝတ်မှုမျိုးစုံကို စစ်ကောင်စီက တောက်လျှောက်ကျူးလွန်နေတယ်" ဟု ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းမှ ဂွ၊ မာန်အောင်၊ မြေပုံ မှလွဲ၍ ကျန်မြို့နယ် ၁၄ ခု နှင့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်တို့မှ အမျိုးသား ၂၀၅ ဦး၊ အမျိုးသမီး ၃၇ ဦး၊ စုစုပေါင်း ၂၄၂ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသူ ၂၄၂ ထဲမှ လက်ရှိမှာ ၃၂ ဦး ပြန်လည်လွတ်မြောက်လာသည့်အတွက် ဒေသခံ ၂၁၀ ဦး ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။ 

လက်ရှိမှာ ရခိုင် မြို့နယ်အားလုံးနီးပါးတွင် တိုက်ပွဲများဖြစ်ပွါးလျက်ရှိရာ စစ်တပ်က အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သည့်အတွက် အရပ်သားပြည်သူ သိန်းနှင့်ချီထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု လူမှုရေးလှုပ်ရှားသူများက ပြောသည်။

"မြို့တော်တော်များများမှာ မြို့ပေါ်ရော၊ နယ်မှာပါ ပြေးနေကြရတယ်။ မပြေးဘဲ ကိုယ့်အိမ်မှာနေကြတဲ့ ပြည်သူတွေလည်း ကျီးလန့်စာစားဘဝနဲ့ပဲ။ စစ်တပ်က ဘယ်အချိန် ဘာလုပ်မယ်မသိတဲ့ အခြေအနေ။ နောက်ပြီး လမ်းတွေပိတ်ထားတော့ ကုန်စျေးနှုန်းတွေ အဆမတန်ကိုတက်တာ။ ငတ်သူကငတ် ပြတ်သူပြတ်ပဲ။ လမ်းလေးတွေပြန်ဖွင့်ပေးရင်ကောင်းမယ်"ဟု အမ်းမှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီက ကျူးလွန်နေသည့်ဖြစ်စဥ်များနှင့်ပတ်သက်၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီး ချုပ်နှောင်ခြင်း၊ လူသားဒိုင်းကာ အဖြစ် အသုံးပြုခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ရပ်တန်ပေးရေး ဆောင်ရွက်ရန်နှင့်  တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အပြစ်မဲ့ အရပ်သားများအား နိုင်ငံတကာမှအကူအညီများ အဆောတလျင် ပေးဝေနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးရန်တို့ အပါအဝင် အချက်() ချက်ဖြင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များသို့ ပြည်ပအခြေစိုက် ရခိုင်အဖွဲ့အစည်း(ခုက  အိတ်ဖွင့် ရေးသား ပေးပို့တောင်းဆိုထားသည်။ (NN-7) (ဓာတ်ပုံ-   Amnesty International)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!