စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

စစ်ကောင်စီနှင့်လက်အောက်ခံအဖွဲ့အစည်းများက ဘူးသီးတောင်မြို့တွင် ဧပြီလအတွင်း အိမ်ခြေ ၁၅၀၀ မီးရှို့ဟု Data for Myanmar ဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ မေ ၄ / ၂၀၂၄

 ရခိုင်ပြည် ဘူးသီးတောင်မြို့တွင် ဧပြီလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ မီးရှို့မှုကြောင့်  အိမ်ခြေ ၁၅၀၀ ဆုံးရှုံးခဲ့ရသည်ဟု Data for Myanmar ကမေလ ၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၃,၉၆၀ လုံး ပျက်စီးသွားခဲ့ပြီး ယင်းအထဲ ရခိုင်တွင် အများဆုံးဖြစ်ကြောင်း Data For Myanmar ၏ ဖော်ပြထားသည်။

 

မီးရှို့ခံရသည့်နေအိမ်များမှာ ရခိုင်ပြည် ဘူးသီးတောင်မြို့တွင် ၁,၅၀၀ လုံး၊ မန္တလေးတိုင်းတွင် ၁,၂၂၀ လုံး၊ စစ်ကိုင်းတိုင်းတွင်  ၉၉၇ လုံးနှင့် မကွေးတိုင်းတွင် ၂၂၉ လုံးဖြစ်သည်။ ယင်းစာရင်းမှာ Data for Myanmar က အနီးစပ်ဆုံးခန့်မှန်းထားသည့် အရေအတွက်ဖြစ်ကြောင်းသိရသည်။



 

“ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်က နေအိမ်ပေါင်း ၂၀၀၀ ကနေ ၃၀၀၀ အတွင်း မီးရှို့ဖျက်ဆီး ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ Data for Myanmar က အနီးစပ်ဆုံး ခန့်မှန်းထားတဲ့ အရေအတွက်ကိုသာ ထည့်သွင်းထားပြီး အတည်ပြုနိုင်တဲ့ အရေအတွက်ရရှိတဲ့အခါ update ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု Data for Myanmar မှထုတ်ပြန်ထားသည်။

 

၂၀၂၄ ဧပြီလကုန်အထိ စုစည်းထားသည် အချက်အလက်များအရ စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ပြည်သူ နေအိမ်ပေါင်း ၈၈,၃၇၃ လုံး ဆုံးရှုံးခဲ့ရကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

 

ဓာတ်ပုံ- Data for Myanmar

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!