ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်မှလူထုဦးဇော်ဝင်းနှင့် အတူ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသူ ၂ဦးကို ယနေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီအမိန့်ချမှတ်ခံလိုက်ရသည်ဟု မိသားစုဝင်များက ပြောသည်။
ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံလိုက်ရသူများမှာ
ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ် ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်နှင့်
ကျောက်တော်မြို့နယ်၊ ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်)
မောင်းသူ ဦးကျော်သန်းမောင်တို့ဖြစ်ကြသည်။
သူတို့သည် ယနေ့
စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ကျောက်တော်မြို့နယ်တရားရုံးက
ထောင်ဒဏ်အမိန့်ချမှတ်ခံလိုက်ရခြ
"ဒီနေ့မှာ
အမိန့်ချလိုက်တာ။ ပြစ်မှုကျူးလွန်တယ်။ ၅၀၅-ကနဲ့ ပြစ်မှုငြိစွန်းတဲ့အတွက်လို့
ပြောတယ်" ဟုပြောသည်။
သူတို့နှစ်ဦးမှာ ချုပ်ရက်ကို
ခံစားခွင့်ရှိပြီး ချုပ်ရက်မှာ ၁ နှစ်နှင့် ၄ လ ရှိသွားပြီဖြစ်၍
ထောင်ဒဏ် ကျခံရမည်မှာ ၈ လသာကျန်တော့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၂
ခုနှစ် ဇွန်လ ၂၀ ရက်တွင် ကျောက်တော်မြို့၌ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ရက္ခိုင့်တပ်တော်
(AA)က
ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန် ၂၁ ရက်တွင် သူတို့ ၂ ဦးနှင့်အတူ
ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားကို ဦးဇော်ဝင်းကိုပါ
စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိ ဖမ်းဆီးကာ ပုဒ်မ ၅၀၅-က ဖြင့်
တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ကိုဇော်ဝင်းကိုမူ
လာမည့် စက်တင်ဘာ ၂၆ ရက်တွင် အမိန့်ချရန် ရုံးချိန်းထားကြောင်း သိရသည်။
သူတို့ ၃
ဦးကို စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊
ကောလာဟလ (မမှန်သတင်း)များဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများအပေါ်
ရာဇဝတ်ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်(သို့) သွယ်ဝိုက်
လှုံ့ဆော်လျှင်ပြစ်မှုမြောက်သည်
ပြစ်ဒဏ်မှာ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု သိရသည်။