စနေ၊ အောက်တိုဘာလ ၂၆ရက်၊ ၂၀၂၄

သံတွဲ ခမောင်းတုန်းရွာကို စစ်ကောင်စီလေတပ်ဗုံးလာကြဲ၍ ကျောင်းထိုင်ဆရာတော်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 218

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၂၅/၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ခမောင်းတုန်းရွာကို စစ်ကောင်စီလေတပ်က တိုက်ပွဲမရှိဘဲ ဗုံးလာကြဲ၍ ကျောင်းထိုင်ဆရာတော် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ခမောင်းတုန်းရွာ ဘုန်းကြီးကျောင်းကို ယနေ့ အောက်တိုဘာ ၂၅ ရက်၊ ညနေ ၄ နာရီခွဲတွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော် ဦးဉာဏိက၏ ဘယ်ဘက်လက်နှင့်ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု  သိရသည်။

ဘုန်းတော်ကြီးကျောင်းအတွင်း ပျက်စီးမှုအချို့လည်း ရှိခဲ့သည်ဟု APM ဆိုသည်။

ခမောင်းတုန်းရွာကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းဖြတ်တောက်ထား၍ ဆက်သွယ်၍မရခဲ့ပါ။

ယနေ့ အရုဏ် ၄ နာရီကလည်း သံတွဲမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးနှင့် စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းရေးရုံးကို စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။

ယင်းဖြစ်စဥ်အတွင်း သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်မှ မောင်ဖိုးချို (၁၄) နှစ်တွင် ဘယ်ဘက်ခြေထောက် ဒူးဆစ်အနီး ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။

အနားတဝိုက်ရှိ နေအိမ်အချို့လည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - သံတွဲမြို့နယ်၊ ခမောင်းတုန်းရွာ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၍ ဒဏ်ရာရသွားသည့် ကျောင်းထိုင်ဆရာတော်အား ဖူးတွေ့ရစဉ်။ ( Source and Photo- APM)

ဆက်စပ် သတင်းများ