အေးမြတ်ခိုင်၊ နိရဥ္စရာ၊ ဇွန်လ ၂၆/၂၀၂၄
စစ်ကောင်စီသည် ရခိုင်ပြည်၊ သံတွဲရေငုပ်တပ်မှ မိသားစုဝင်များကို ဇက်နေဗီဖြင့် ပြောင်းရွှေ့ သွားပြီ
ယမန်နေ့ ဇွန်လ ၂၅ ရက် ညအချိန်တွင် ရေတပ်ဇက်နေဗီဖြင့် ရေတပ်မိသားစုဝင် ၁၀၀ ခန့်ကို တင်ဆောင်ကာ ပြောင်းရွှေ့သွားခြင်း ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“ရေတပ်ကမိသားစုတွေကို နေဗီကမ်းထိုးယာဉ်နဲ့ ဂွဘက်ကို ယူသွားပြီ။ အဲ့ဒီကမှ ရန်ကုန်ကို ပြောင်းမယ်လို့ သိရတယ်။ စုစုပေါင်း ၁၀၀ လောက်ရှိမယ်”ဟု ပြောသည်။
အဆိုပါ ပင်မဆက်သွယ်ရေးနှင့် ရေငုပ်တပ်သည် မောင်ရွှေလေးရွာနှင့်
ကွင်းဝိုင်းရွာကြားမှာတည်ရှိပြီ
သံတွဲမြို့နယ်၊ ငပလီကမ်းခြေအနီးတဝိုက်ရှိ ခမရ ၅၆၆ နှင့် ခလရ ၅၅ တပ်များအနီးမှာ ယနေ့ ဇွန်လ ၂၆ ရက်တွင် တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းမှ ဗုံးကြဲမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့လည်း တိုက်ပွဲတွေအပြင်းအထန်ပဲ။ လေကြောင်းကလည်း
လာပစ်ကူတယ်။ နောက်ပြီး လူအင်အားတွေလည်း ထပ်ပို့ထားတယ်။ လူအင်အားလာပို့ရုံ သက်သက်မဟုတ်ဘဲ သူတို့တွေ ဂျိတ္တောဘက်ကနေ ငပလီကို
ပြန်ပြီးထိုးစစ်ဆင်မယ်လို့ သိရတယ်။ မနေ့က ငပလီမဇင်ဘက်ကို သွားတဲ့စစ်ကူတွေ နောက်ကြောင်းပြ
ငပလီကမ်းခြေမှတဆင့် ရေကြောင်းလမ်းအတိုင်း ဂွမြို့ဘက် သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်
“ငပလီက စစ်တပ်တွေကို အေအေက ဝင်တိုက်နေတော့
ကုန်းလမ်းအတိုင်းပြေးတဲ့ စစ်သား မိသားစုတွေ နည်းတယ်။ အေအေက မြို့ထွက်ဝနဲ့ တခြားနေရာတွေမှာရှိတေ
သံတွဲမြို့မှ ပြည်သူများအားလုံးစွန့်ခွာသွားခဲ့ကြပြီဖြစ်သဖြင့် သံတွဲမြို့တွင်းအခြေကို မသိရသေးကြောင်း ပြောကြားသည်။
အာရက္ခတပ်တော် ( AA)၏ ထိုးစစ် သံတွဲမြို့ပေါ်ထိ ရောက်ရှိလာသဖြင့် သံတွဲ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများသည်လည်း မြို့ကို စွန့်ခွာပြီး ဂွမြို့သို့ ဆုတ်ခွာသွားခဲ့ကြသလို တပ်မိသားစုဝင်များကိုလည်း ဆက်တိုက်ရွှေ့ပြောင်း နေခြင်းသည်။