နောင်မင်းသူ၊နိရဉ္စရာ၊ ဇူလှိုင် ၃ ရက်/၂၀၂၄
ရခိုင်ပြည်နယ်၊မောင်တောမြို့ ရွှေဇားတံတားအနီးကမ်းနားလမ်းတွင် နေရာယူထားကြသည့် စစ်ကောင်စီတပ်သားများက လူနေအိမ်များအား ဖောက်ထွင်း ခိုးယူနေကြသည်ဟု သတင်းရရှိသည်။
မျက်မြင်ဒေသခံတဦးက " နေအိမ်အများစုမှာ လူတွေမရှိကြတော့ သူတို့ ကြိုက်တဲ့ နေအိမ်တွေကို ဖွင့်ပြီး အိမ်ပေါ် တက်နေကြတယ်။ အဲဒီနေအိမ်တွေမှာရှိနေတဲ့ဆိုက်ကယ်တွေ၊ ဆိုလာပြားတွေ၊ ဘက်ထရီတွေနဲ့ ရောင်းလိုရတဲ့ ပစ္စည်တွေကို ယူပြီးရောင်းနေကြတယ်။ ရောင်းမစွန်တဲ့ ပစ္စည်းတွေဆို ဖြိုထုပြီးဖျက် ဆီးပစ်ကြတယ်။ ဆိုင်ကယ်တွေကိုလည်း အဲသလိုမျိုးဖျက်ဆီးတာတွေကို တွေ့၇တယ်"ဟု ပြောကြားသည်။
စစ်ကောင်စီတပ်များမှာဇွန်လ ၂၈ ရက်နေ့မှစပြီး မြို့တွင်း ရွှေဇားတံတားအနီး ကမ်းနားလမ်း တစ်လျှောက်ရှိ လူမရှိသည့်နေအိမ်များပေါ် ၌စခန်းချနေရာယူထားကြပြီး မြို့ပေါ်ရပ်ကွက်များ အတွင်းလူ နေထိုင်ခြင်းမရှိသည့်နေအိမ်များအားဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းများအား ခိုးယူရောင်းစားနေကြခြင်းဖြစ်သည်ဟု ဆိုသည်။
ရွှေဇားတံတားအနီးတစ်ခုတည်းသာမက မောင်တောမြို့ပေါ်ရပ်ကွက်များရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အများစုမှာ ဖောက်ထွင်းအခိုးခံနေကြ၇ကြောင်း မောင်တောဒေခံများကပြောဆိုသည်။
"မြို့ပေါ်ရပ်ကွက်တိုင်းက လူမနေတဲ့ နေအိမ်တိုင်း ဖောက်ထွင်း ခိုးယူခံနေရတာ။ ဈေးမှာ ကြွေပုဂံပြား၊ ပုဂံလုံးတွေ၊ စတီးအိုးနဲက ဇွန်းတွေကအစ ရောင်း ချနေကြတာတွေ့ရတယ်။ သိန်းလေးဆယ်၊ ငါးဆယ်တန် ယိုးဒယားဆိုက်ကယ်တွေကို ဆယ်သိန်း၊ ငါးသိန်းနဲ့ရောင်းချနေကြတာတွေလည်း တွေ့၇တယ်"ဟု ပြောဆိုသည်။
မောင်တောမြို့၃မိုင်ဝေသာလီကျေးရွာရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ကယ်ဆယ်ရေး ရိက္ခာများနှင့် ဆန်သိုလှောင်ရုံများအားဇွန်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့ကဖောက်ထွင်းလုယက်ခံရခြင်း နှင့် မီးရှို့ဖျက်ဆီးခံခဲ့၇ကြောင်း WFP ကထုတ်ပြန်ထားသည်။
ထိုWFP သိုလှောင်ရုံထဲမှရိက္ခာဆန်များအား စစ်တပ်နှင့် ရဲ ပူးပေါင်းတပ်ဖွဲ့က ယူဆောင်ခဲ့ကြောင်းစစ်ကောင်စီပြောခွင့်၇ ဗိုလ်ချုပ်ဇော်မင်းထွန်းကဇွန်လ ၂၆ ရက်နေ့တွင် ဝန်ခံထား သည်။