(ဓာတ်ပုံသတင်း)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁/ ၂၀၂၃
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ကျင်းပခဲ့သော
Miss TMT 2023 ပြိုင်ပွဲတွင်
Winner ဆုကိုရရှိခဲ့သည့်
ရခိုင်အလှမယ် မစိုးထက်နွယ်က စစ်တွေမြို့ကိုရောက်ရှိလာပြီဖြစ်သည်။
ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက် ၁၁ နာရီခန့်က
ရန်ကုန်မှတဆင့် စစ်တွေသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး သူမ၏ပရိသတ်များက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။
အဆိုပါ Miss TMT 2023 ပြိုင်ပွဲ၏ Grand final
show ကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၈ ရက်က၊
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် The Model Tachileik
organization က ကြီးမှူးကျင်းပခဲ့ရာ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Akyab Stars Arts and
Talent centre မှ
သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ရခိုင်အလှမယ် မစိုးထက်နွယ်က Winner
ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
မစိုးထက်နွယ်သည် ၎င်းပွဲမှ Winner
ဆုအပြင် Miss Friendship Award၊ Miss Congeniality
Award နှင့် Miss
Intelligence Award တို့ကိုလည်း
ရရှိခဲ့သေးသည်။
Miss
TMT 2023 ပြိုင်ပွဲကို
အနယ်အနယ်အရပ်ရပ်မှ အလှမယ် ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မစိုးထက်နွယ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က
ကျင်းပခဲ့သည့် Miss Universe Myanmar 2022 ပြိုင်ပွဲတွင် Top
10 အထိပါဝင်ခဲ့သူလည်းဖြစ်ပြီး Miss
Burma Sittwe 2021 ၏ Winner
ဆုရှင်လည်းဖြစ်သည်။
လက်ရှိတွင် သူမသည် အသက် ၂၄ နှစ်ရှိပြီဖြစ်ကာ
စစ်တွေမြို့ရှိ ကိုယ်ပိုင်မူလတန်းကျောင်းတစ်ကျောင်းတွင် ကျောင်းဆရာမတစ်ဦးအဖြစ်
လုပ်ကိုင်နေသူလည်းဖြစ်သည်။ (NN-12/8)