အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ထိုင်ဝမ်ကမ်းလွန်တွင် ဖြတ်သန်းသွားသော ရုရှားစစ်သင်္ဘောနှစ်စီးကို ထောက်လှမ်းတွေ့ရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 537

ဇွန်လ(၂၇)ရက်၊ အင်္ဂါနေ့က ထိုင်ဝမ်ကျွန်း အရှေ့ဘက်ကမ်းလွန်တွင် ရုရှား ဖရီးဂိတ် စစ်င်္ဘောနှစ်စီးကို တွေ့ရှိခဲ့ပြီးနောက် ထိုင်ဝမ်ရေတပ်ထောက်လှမ်းရေးသင်္ဘောများနှင့် လေယာဉ်များက လိုက်လံ စောင့်ကြည့်ခဲ့ကြသည်ဟု ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။


ရုရှားစစ်သင်္ဘောများသည် ဒေသစံတော်ချိန် ည ၁၁ နာရီတွင် အရှေ့ဘက်ကမ်းခြေ ကမ်းလွန်၌ တောင်မှြောက်သို့ ဖြတ်သန်းသွားသည်ကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုင်ဝမ်စစ်တပ်က အဆိုပါစစ်သင်္ဘောများ​၏ လှုပ်ရှားမှုကို လေယာဉ်၊ သင်္ဘောနှင့် အသင့် ပြင်ထားသော ကမ်းခြေအခြေစိုက် ဒုံးပျံစနစ်များဖြင့် စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။

 

ရုရှားစစ်သင်္ဘောများ ထိုင်ဝမ်ကမ်းခြေမှ မည်မျှဝေးကွာသည်ကိုမူ ထုတ်ပြန်ထားခြင်း မတွေ့ရပေ။

 

ယခုကဲ့သို့ ထိုင်ဝမ်ကျွန်းအနီး ရုရှားစစ်င်္ဘော တွေ့ရှိမှုမှာ ရှားပါးဖြစ်ရပ်ဟုဆိုသည်။ ပုံမှန်အားဖြင့် ထိုင်ဝမ်ရေပြင်တွင် နေ့စဉ်နီးပါးမြင်တွေ့ရသည်မှာ တရုတ် စစ်င်္ဘောများဖြစ်သည်။

 

တရုတ်သည် ထိုင်ဝမ်အား ၎င်း​၏ အစိတ်အပိုင်းဒေသတစ်ခုအဖြစ် သတ်မှတ်ထားပြီး တစ်နေ့တွင် လိုအပ်ပါက အင်အားသုံး၍ ပြန်လည်သိမ်းပိုက်မည် ပြောဆိုထားသည်။

 

ရုရှားနိုင်ငံပိုင်သတင်းဌာန အင်တာဖက်စ်က ရုရှား ပစိဖိတ်ရေတပ်သင်္ဘော အုပ်စုသည် တောင်တရုတ် ပင်လယ်ကိုဖြတ်၍ ဖိလစ်ပိုင်ပင်လယ်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း၊ ပင်လယ်ပြင်ဖြတ် တာဝေးခရီး လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြစ်ပြီး ပင်လယ်ပြင်တိုက်ပွဲများ နှင့် ဒုံးပျံကာကွယ်ရေးလေ့ကျင့်မှု အစီအစဉ်များပြုလုပ်ခဲ့သည်ဟု ဆိုသည်။

 

အမေရိကန်ကဲ့သို့ပင် ထိုင်ဝမ်သည် ယူကရိန်းအားကျူးကျော်မှုဖြင့် ရုရှားနိုင်ငံအား ပိတ်ဆို့ အရေးယူမှုတွင် ပါဝင်ထားသည်။

 

ပိတ်ဆို့မှုတွင် ထိုင်ဝမ်ထုတ်ကုန် ကွန်ပျူတာနည်းပညာ နှင့် စက်ပစ္စည်းများ တင်ပို့မှုတို့ပါဝင်သည်။

 

ပုံစာ- ကင်းလှည့်နေသော ထိုင်ဝမ်ကမ်းခြေစောင့် သင်္ဘောတစ်စီး။

 

NN-27

ref:CAN

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!