တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဂါဇာမြောက်ပိုင်းတွင် နေထိုင်သူ ၁သန်းကျော်အား ၂၄ နာရီအတွင်း တောင်ပိုင်းသို့ ပြောင်းရွှေ့ရန် အစ္စရေးက အမိန့်ပေးထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 707

ဂါဇာမြောက်ပိုင်းတွင် နေထိုင်သော ပါလက်စတိုင်းလူမျိုး ၁ ဒဿမ ၁ သန်းကို ၂၄ နာရီအတွင်း တောင်ပိုင်းသို့ ပြောင်းရွှေ့ကြရန် ညွှန်ကြားထားကြောင်း အစ္စရေးက ကုလသမဂ္ဂကို အသိပေးထားသည်ဟု သိရသည်။

ထိုဒေသမှာ လူနေထူထပ်သော ဂါဇာစီးတီးလည်း ပါဝင်ပြီး ဂါဇာကမ်းမြောင်ဒေသ၏ လူဦးရေ ထက်ဝက်ရှိသော လူပေါင်း(၁.၁)သန်း အကြုံးဝင်မည်ဖြစ်သည်။

အစ္စရေးစစ်တပ်က ဂါဇာစီးတီးတွင် နေထိုင်ကြသူအားလုံးကို တိုက်ရိုက်ညွှန်ကြားထားပြီး ၄င်းတို့၏ လုံခြုံရေး နှင့် ကြိုတင်ကာကွယ်ရေးအတွက် ၂၄နာရီအတွင်း အဆိုပါဒေသများမှ ထွက်ခွါသွားကြရန် ပြောကြားထားသည်။

ယခုကဲ့သို့ လူအမြောက်အများ ပြောင်းရွှေ့စေမှုကြောင့် “လူသားဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများ”နှင့် ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပြီး ညွှန်ကြားချက်ကို ပြန်လည် ရုတ်သိမ်းပေရန် အစ္စရေးအား တိုက်တွန်းထားသည်။


အစ္စရေးစစ်တပ်သည် ဂါဇာရှိ ဟားမတ်စ်အုပ်စုများကို အမြစ်ပြတ် ချေမှုန်းရန် မကြာမီ မြေပြင်ထိုးစစ်စတင်တော့မည်ဖြစ်ပြီး ထိုးစစ်မစတင်မီ ယခုကဲ့သို့ ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စနေနေ့က ဟားမတ်စ်တို့က အစ္စရေးအား ဝင်ရောက်တိုက်ခိုက်စဉ် လူပေါင်း ၁၅၀ကို ဓါးစာခံအဖြစ် ဂါဇာထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယခုချိန်ထိ ဟားမတ်စ်တို့လက်ချက်ဖြင့် အစ္စရေးတွင် သေဆုံးသူ ၁၃၀၀ ရှိပြီဖြစ်သည်။ အစ္စရေးတို့၏ လက်တုန့်ပြန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာဘက်ခြမ်းတွင်လည်း သေဆုံးသူ ၁၄၀၀ ကျော်သွားပြီဟု သိရသည်။

အစ္စရေးစစ်တပ်သည် ဂါဇာဒေသအား အစားအစာ၊ ရေ၊ လောင်စာဆီ၊ လျှပ်စစ်ဓါတ်အား ဖြတ်တောက်ပိတ်ဆို့ပြီး ဆက်တိုက် ဗုံးကြဲလျှက်ရှိသည်။

တစ်ဆက်တည်းတွင် ဖမ်းဆမ်းခံထားရသူများကို ပြန်လွှတ်မပေးမချင်း ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပေးမည်မဟုတ်ဟု ပြောဆိုထားသည်။

ဂါဇာ၏ လက်ရှိအခြေအနေမှာ အလွန်ဆိုးရွားနေပြီး အစားအစာ နှင့် ရေ ပြတ်တောက်နေကာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၅၀၀၀၀ မှာ ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု အကူအညီပေးရေး အေဂျင်စီများက ဆိုသည်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ကွန်ရီကပ်စ်က “အရပ်သားများသည် မိမိတို့၏ ရန်သူမဟုတ်ကြောင်း” နှင့် “အရပ်သားထိခိုက်သေဆုံးမှု နည်းနိုင်သမျှ နည်းအောင် ယခုကဲ့သို့ ကြိုတင်နေရာရွှေ့ပြောင်းစေခြင်းဖြစ်ကြောင်း” အစ္စရေးပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ကွန်ရီကပ်စ်က ပြောကြားခဲ့သည်။

 

NN-27

ref: bbcworld

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!