တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ကန်နိုင်ငံခြားရေး၀န်ကြီး တရုတ်မှထွက်ခွာသွားပြီးနောက် တရုတ်ဂျက်လေယာဉ်များ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းခဲ့ဟု ထိုင်၀မ်ကသတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 762

ကန်နိုင်ငံခြားရေး၀န်ကြီး တရုတ်မှထွက်ခွာသွားပြီးနောက် တရုတ်ဂျက်လေယာဉ်များ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းခဲ့ဟု ထိုင်၀မ်ကသတင်းထုတ်ပြန်

 ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၈/၂၀၂၄ (နိုင်ငံတကာ)

 

 အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာသွားပြီးနောက် တရုတ်ဂျက်လေယာဉ်များ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော် ပျံသန်းခဲ့ကြောင်း ဂါးဒီးယန်းက သတင်းဖော်ပြသည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ သုံးရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်အဆုံးသတ်ပြီးနောက်တွင် စစ်ရေးလှုပ်ရှားမှုများကိုတရုတ်ကယခုကဲ့သို့တိုးလုပ်ဆောင် လာခြင်းဖြစ်သည်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကန် သည် တရုတ်သမ္မတ ရှီအပါအဝင် တရုတ်ထိပ်တန်း အရာရှိများနှင့် ဆွေးနွေးပြီးနောက် ပေဂျင်းမှ ပြန်လည် ထွက်ခွာပြီး နာရီပိုင်းအကြာတွင် တရုတ်က ရုတ်တရက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်စစ်လေယာဉ် တစ်ဒါဇင်သည် စနေနေ့က ကျွန်းအနီးသို့ ဖြတ်ကျော် ပျံသန်းခဲ့ကြောင်းထိုင်ဝမ်က သတင်းထုတ်ပြန်ခဲ့သည်။

 

 ဧပြီ၂၇ရက် နံနက်ခင်းတွင် ဘလင်ကန် သည် ဝါရှင်တန်ကို အပြန်လမ်းဝေဟင်တွင် ရှိနေစဉ်၊ Su-30 တိုက်လေယာဉ်အပါအဝင် တရုတ်စစ်လေယာဉ် ၂၂ စင်းကို တွေ့ရှိခဲ့ကြောင်း ယင်းတို့မှက ၁၂ စင်းသည် နယ်နမိတ်ကြားခံ မျဉ်းကို ဖြတ်ကျော်သွားခဲ့ ကြောင်းထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

 

ဘလင်ကန် သည်တရုတ်နိုင်ငံတွင်ရောက် ရှိ နေစဥ်တွင် ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်း၏ အရေးပါမှု ကို ၄င်း က အလေးပေး ပြောကြားခဲ့သည်။

 

 

 ၂၀၂၂ ခုနှစ်တွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ တိုင်ပေသို့ အလည်အပတ် လာရောက်ခဲ့ခြင်းသည် ထိုင်ဝမ်ရေလက်ကြားတွင် လပေါင်းများစွာကြာ တရုတ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုကို ဖြစ်စေခဲ့သည်။ Source/ The Guardian

ဆက်စပ် သတင်းများ