တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

တရုတ်ရေငုပ်သင်္ဘောကို မဝယ်ဘဲ ဖရီးဂိတ်စစ်သင်္ဘောသာ ဝယ်မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးပြော


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 498

ထိုင်းရေတပ်သည် တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘော ဝယ်ယူမည့်အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီး ၄င်းအစား ဖရီးဂိတ် ရေတပ်သင်္ဘောကိုသာ ဝယ်ယူတော့မည်ဟု သိရသည်။

တရုတ်ရေငုပ်သင်္ဘောတွင် ထိုင်းကအလိုရှိသော ဂျာမန်အင်ဂျင် ပါဝင်ခြင်း မရှိသည့်အတွက် ဖရီးဂိတ်ရေတပ်သင်္ဘောကိုသာ မှာယူတော့မည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ခလွန်ဆန်က ပြောကြားခဲ့သည်။

ထိုင်းရေတပ်ဌာနချုပ်သို့ သွားရောက်စဉ် ဝန်ကြီးဆူတင်က ရေငုပ်သင်္ဘော ဝယ်ယူမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းမဟုတ်ဘဲ အဆင်ပြေသည့်တစ်ချိန်ချိန်တွင် ဝယ်ယူမည်ဟု ပြောဆိုခဲ့သည်။

ထိုင်းနှင့် တရုတ်တို့အကြား ၂၀၁၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် S26T Yang-class ရေငုပ်သင်္ဘောဝယ်ယူရေး မူလစာချုပ်တွင် ဂျာမန်လုပ် အင်ဂျင်ပါဝင်မည်ဟု ဖော်ပြထားသော်လည်း ဂျာမနီက တရုတ်စစ်တပ်နှင့် အကြီးစားကာကွယ်ရေးပစ္စည်းများတွင် ဂျာမန်လုပ်အင်ဂျင် ထည့်သွင်းခြင်းမပြုရန် တားမြစ်လိုက်သည့်အတွက် ထည့်သွင်းနိုင်ခြင်း မရှိခဲ့ပေ။

တရုတ်က တရုတ်အင်ဂျင်ထည့်သွင်းပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ထိုင်းက တရုတ်အင်ဂျင်နှင့် ရေငုပ်သင်္ဘောကို မနှစ်သက်၍ ငြင်းပယ်ခဲ့သည်။

တရုတ်နှင့် ထိုင်းတို့အကြား တရုတ်ရေငုပ်သင်္ဘောဝယ်ယူရေး အကြိမ်ကြိမ်ညှိနှိုင်းခဲ့ကြပြီးနောက် ပြီးခဲ့သည့်လက ထိုင်းရေတပ်ဦးစီးချုပ်ဟောင်းက ရေငုပ်သင်္ဘောဝယ်ရေးဆုံးဖြတ်ရန် လွှတ်တော်သို့တင်သွင်းမည်ဟု ဆိုသည်။

သို့သော် ထိုင်းအစိုးရသည် ဂျာမန်အင်ဂျင်နှင့် ရေငုပ်သင်္ဘောရမှသာ ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။

ထိုင်းရေတပ်က ရေငုပ်သင်္ဘောအစား ရေငုပ်သင်္ဘောဖျက်နိုင်သည့် ဖရီးဂိတ်စစ်သင်္ဘော သို့မဟုတ် ကမ်းရိုးတန်းကင်းလှည့်သင်္ဘော တစ်ခုခု ဝယ်ယူရန် အဆိုပြုလာခဲ့သဖြင့် ဖရီးဂိတ်သင်္ဘော ဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး ဆူတင်က သူနှင့် ထိုင်းအစိုးရအဖွဲ့သည် ရေငုပ်သင်္ဘောထက် ဘတ် ၁ ဘီလျံ ပိုကုန်ကျသည့် ဘတ် ၁၇ ဘီလျံ တန်ဖိုးရှိ ဖရီးဂိတ်စစ်သင်္ဘောကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

Ref - Bangkok post

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!