တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

တရုတ်သင်္ဘောက ဖိလစ်ပိုင်မော်တော်ဘုတ်ကို ဝင်တိုက်ပြီးနောက် သံတမန်ရေးရာတင်းမာမှုဖြစ်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 631

ယခုတစ်ပတ်အတွင်း တောင်တရုတ်ပင်လယ်တွင် တရုတ်သင်္ဘော နှင့် ဖိလစ်ပိုင်မော်တော်တို့ နှစ်ကြိမ် ဝင်တိုက်မှုနှစ်ဖြစ်ပွါးခဲ့ပြီးနောက် နှစ်နိုင်ငံကြား သံတမန်ရေးထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွါးလျှက်ရှိသည်။

ဖိလစ်ပိုင်တို့က တရုတ်သင်္ဘောသည် တမင်ရည်ရွယ်ချက်ရှိရှိ ဖိလစ်ပိုင် မော်တော်လှေအား ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

တနင်္ဂနွေနေ့က စပရတ်လီးကျွန်းစု၊ သောမတ်ရေတိမ်အနီး ဒုတိယအကြိမ် မတော်တဆမှု ထပ်မံဖြစ်ပွါးပြီးနောက် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန်ပြစ်တင်ဝေဖန်နေကြပြီး ဆန့်ကျင်ကန့်ကွက်မှုနှင့်အတူ သက်သေ ဗီဒီယိုဖိုင်များ ထုတ်ပြန်နေကြသည်။

သင်္ဘောတိုက်မှုဖြစ်သည့်နေရာမှာ ပိုင်ဆိုင်မှုအငြင်းပွါးနေသော တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်စစ်သားများ စခန်းချနေသည့် သင်္ဘောဟောင်း အနီးဖြစ်သည်။

ဖိလစ်ပိုင်သည် ၁၉၉၉ ခုနှစ်က သောင်တင်သွားသော သင်္ဘောဟောင်းပေါ်တွင် တပ်စွဲကာ မိမိတို့ပိုင်နက်ဖြစ်ကြောင်း ပြသခဲ့သည်။

ဖိလစ်ပိုင်တာဝန်ရှိသူများက တရုတ်ကမ်းခြေစောင့်သင်္ဘောသည် ဖိလစ်ပိုင်ရိက္ခာပို့ မော်တော်အား တမင်ရန်စသည့် ပုံစံမျိုးဖြင့် လိုက်လံနှောင့်ယှက်ခဲ့သည်ဟု ဆိုသည်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂျီးလ်ဘတ် တီအိုဒိုရိုက သောမတ်စ်ရေတိမ်အနီး ဖြစ်ပွါးခဲ့သော ဖြစ်ရပ်မှာ တရုတ်တို့က ရည်ရွယ်ချက်ရှိရှိ ပြုမူခဲ့ခြင်းဖြစ်သည်ဟု တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

တနင်္လာနေ့အစောပိုင်းကလည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာသည် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟောင်ရှီလျန်းကို ခေါ်ယူတွေ့ဆုံပြီး ဖြစ်ရပ်နှင့်ပတ်သက်၍ တရားဝင် ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ NN-27

Ref:CNA

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!