တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အမေရိကန် မေရီလန်းပြည်နယ်တွင် မြစ်ကူးတံတားကို ကုန်တင်သင်္ဘောကြီးတစ်စင်း ဝင်တိုက်၍ တံတားတစ်ခုလုံး မြစ်ထဲကျိုးကျသွားကာ လူအသေအပျောက်များပြားနိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

နွေနေ (ဘာသာပြန်သတင်း) နိရဉ္စရာ၊ မတ် ၂၆/၂၀၂၄

အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ဘယ်လ်တီမိုးမြို့ရှိ Francis Scott Key Bridge မြစ်ကူးတံတားကြီးကို ကုန်တင်သင်္ဘောကြီးတစ်စီးက ဝင်တိုက်ခဲ့ပြီးနောက် တံတားကြီးတစ်ခုလုံး Patapsco မြစ်ထဲသို့ ကျိုးကျသွားမှု မတ်လ ၂၆ရက် ဒေသစံတော်ချိန် ည ၁:၃၀ နာရီတွင် ဖြစ်ပွားခဲ့သည်။

တံတားကြီးတစ်ခုလုံး မြစ်ထဲသို့ ပြိုကျသွားစဉ် တံတားပေါ်ဖြတ်သန်းသွားသော မော်တော်ယာဉ်အများအပြား မြစ်ထဲသို့ ထိုးကျခဲ့ပြီး လူအသေအပျောက်မည်မျှရှိမည်ကို လတ်တလော မသိရှိရသေးဟုဆိုသည်။

ဘယ်လ်တီမိုးမြို့တော် မီးသတ်ဌာန​၏ ပြောကြားချက်အရ ည ၁:၃၀ နာရီအချိန်တွင် ကုန်တင်သင်္ဘောကြီးက တံတားတိုင်ကို ဝင်တိုက်ခဲ့ပြီးနောက် တံတတားကြီးတစ်ခုလုံး ပြိုကျသွားခဲ့သည်ဟု သိရသည်။

တံတားကျိုးကျရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့ပေါင်းစုံရောက်ရှိနေပြီး ကယ်ဆယ်ရှာဖွေရေး ပြုလုပ်နေဆဲဖြစ်သည်။

The Key Bridge တံတားကြီးအား ဝင်တိုက်ခဲ့သည့် ကုန်တင်သင်္ဘောမှာ Dali ဟု အမည်ပေးထားသော မီတာ ၃၀၀ ရှည်လျားသည့် စင်္ကာပူအလံတင် ကုန်တင်သင်္ဘောဖြစ်ပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့သို့ အသွားခရီးစဉ်တွင် ယခုဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ref: Reuters

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!