စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဧပြီလ ၂၄ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 346

(မြန်မာနယ်စပ်အရေးလည်း ပါဝင်ဆွေးနွေးဖွယ်ရှိ)

ဂျွန်နသန်၊ ဧပြီ ၂၁/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာသည်ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်သို့ ဧပြီလ ၂၄ ရက်မှ ၂၉ ရက်အထိ သွားရောက်မည် ဖြစ်သည်။

ဝန်ကြီးများ၊ အကြံပေးများ၊ အတွင်းရေးမှူးများနှင့် အစိုးရ၏ အကြီးတန်းအရာရှိများ ပါ၀င်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ကို ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ က ဦးဆောင် ပြီး ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့်ထိုင်းနိုင်ငံတို့သည် ၁၉၇၂ ခုနှစ် သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အစိုးရထိပ်တန်း အကြီးအကဲ အဆင့် ထိုင်းနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်ကြောင်း ဧပြီလ (၁၈) ရက်နေ့က ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ သည် စတုတ္ထအကြိမ်မြောက် အာဏာရရှိပြီးနောက် သူမ၏ ပထမဆုံး တရားဝင်ခရီးစဉ်လည်း ဖြစ်လာမည်ဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှု ပြတင်းတံခါး သစ် ကို ဖွင့်လှစ်ပေးမယ့် အခု ခရီးစဉ်ဟာအင်မတန်မှ အရေးကြီးပါတယ်” ဟုရှိတ်ဟာဆီနာ ပြောကြားသည်။

ထိုနေ့တွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် အစိုးရအိမ်တော်၌ ထိုင်း၀န်ကြီးချုပ် Srettha Thavisin နှင့် အပြန်အလှန် ဆွေးနွေးကြမည်ဖြစ်ပြီး မြန်မာနယ်စပ်အရေးများလည်း ဆွေးနွေးရာတွင် ပါဝင်မည်ဟု သိရသည်။

ဧပြီလ ၂၅ ရက်နေ့တွင်၀န်ကြီးချုပ် ရှိတ်ဟာစီနာ သည် UNESCAP ကော်မရှင်၏ ၈၀ ကြိမ်မြောက် အစည်းအဝေးသို့ ဦးစွာ တက်ရောက်ရန် စီစဉ်ထားပြီး UNESCAP ၌လည်း မိန့်ခွန်း ပြောကြားမည် ဖြစ်သည်ဟု Risingbd သတင်းဖော်ပြချက်အရသိရသည်။

"သူမရဲ့ခရီးစဥ်ဟာ သူတို့နှစ်နိုင်ငံအရေး(ထိုင်း၊ဘင်္ဂလားဒေ့ရှ်)သာမကပါဘူး။ မြန်မာ့အရေး အတွက်လည်း ပါ၀င်လာမှာပါ။ ဘာလို့လဲဆိုတော့ မြန်မာ့ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ပြည်တွင်း ပဋိပက္ခတွေဟာ ဒီနှစ်နိုင်ငံလုံးကိုရိုက်ခတ်နေလို့ဘဲ"ဟု ဆိုသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!