စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မောင်တောမြို့အဝင်/အထွက် စစ်ကောင်စီ ပိုက်စိပ်တိုက် စစ်ဆေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 888

နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၄ ရက်/၂၀၂၄

ရခိုင်နယ်စပ်မြို့ မောင်တော မြို့အဝင်/အထွက်အား စစ်ကောင်စီက ပိုက်စိပ်တိုက် စစ်ဆေးမူများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။  

 

"ဒီနေ့ မနက်ကစပြီး ရွှေစား တံတားမှာ စစ်ဆေးရေးဂိတ်တွေအထပ်ထပ်ချထားတယ်။ သုံးဘီး၊ ဆိုင်ကယ် အားလုံးကိုစစ်ဆေးနေတာ။ မြို့ဝင်မှာလည်းအင်အားတိုးချပြီးစစ်ဆေးနေတယ်။ နခခ(၅) မြို့သူကြီးရှေ့နဲ့ နခခ(၂) ၄ မိုင်အဝင်အထွက်တွေကို အဓိကထားစစ်ဆေးနေတယ်"ဟု ပြောကြားသည်။

 

ထိုသို့ မြို့အဝင်အထွက်များအားပိုက်စစ်တိုက်စစ်ဆေးမူများပြုလုပ်နေသလို မြို့တွင်းရှိ ာသာ့ ဗိမန်၊ မြို့မအားကစားရုံ၊ အထက(၂) အပါအဝင် မြို့တွင်းစာသင်ကျောင်းများ၌ နယ်ခြားစောင့် တပ်ပြေးများအား နေရာချထားပြီး မြို့အားထိန်းချုပ်ထားကြောင်း မျက်မြင်ဒေသခံများက ပြောဆိုသည်။

 

 "မြို့တွင်က စာသင်ကျောင်းတွေ နဲ့ အားကစားရုံရယ်၊ နောက်ပြီးသာာ့ ဗိမန်တွေမှာ နယ်ခြားစောင့်တွေ အပြည့်ချထားတာတွေရတယ်။ ဒီနေမနက်မှာ လဘက်ရည်ဆိုင်တွေ မှာ အရပ်ဝတ်နဲ့ သေနတ် လွယ်ထားတဲ နယ်ခြားစောင့်တွေကို အပြည့် တွေပါတယ်" ဟု ပြောကြားသည်။



မောင်တောမြို့ပေါ်၌နေရာချထားသည့် နယ်ခြားစောင့်တပ်ဖွဲ့များမှာ တမန်းသား၊ အောင်သပြေ၊ ခမောင်းဆိပ်၊ ကြိမ်ချောင်း၊ ငါးခူရ၊ ရွက်ညို့တောင်၊ ကျီးကန်းပြင် စသည့် နယ်ခြားစောင့် စခန်းမှ ထွက်ပြေးလာကြသူများဖြစ်ကြပြီးနယ်ခြားစောင့်စခန်းပြေးများအား တပ်ရင်းတပ်ဖွဲများထဲသို့ အဝင်မခံဘဲ မြို့တွင်၌နေရာချပေးထားခြင်း ဖြစ်သည်။

 

မောင်တောမြို့နယ်တွင်းရှိစစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ များအား အာရက္ခတပ်တော်(AA)မှ  တစ်ခုပြီး တစ်ခု ထိုးစစ်ဆင်သိမ်းပိုက်နေပြီး ထိုးစစ်အရှိန် အဟုန်မြှင့်လာကာ လက်ကျန်တပ်ရင်း တပ်ဖွဲများအား ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေသဖြင့်  နေစဥ်နစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက် ှိနေသည်။

 

စစ်ကောင်စီကလည်း  ကျေးရွာများအနီးသို့လက်နက် ကြီးများပစ်ခတ်လျှက်ရှိသလို လေကြောင်းမှလည်း ဗုံးချမူများပြုလုပ်နေသည်ဟု သိရသည်။

 

ဓာတ်ပုံ- င်ပုံဟောင်းများဖြစ်ပါသည်

ဆက်စပ် သတင်းများ