တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရာဖာနယ်စပ် ဂါဇာဘက်ခြမ်းကို အစ္စရေးတပ်က သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 408

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၈/၂၀၂၄

 ဂါဇာကမ်းမြော်နှင့် အီဂျစ်နိုင်ငံကြားရှိ ရာဖာနယ်စပ် ဂါဇာဘက်ခြမ်းကို အစ္စရေးစစ်တပ်က မေလ ၇ ရက်က သိမ်းပိုက်လိုက်ကြောင်း The Sky News ကသတင်းဖော်ပြသည်။

 

ဟားမတ်စ်တို့က လက်ခံထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ပယ်ချပြီး နာရီပိုင်းအကြာတွင် ဂါဇာကမ်းမြောင်နှင့် အီဂျစ်နိုင်ငံကြားရှိ အရေးပါသည့် ရာဖာနယ်စပ်ဂါဇာဖက် အခြမ်း ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က မေလ ၇ ရက်က အခိုင်အမာ ပြောကြားလိုက်သည်။

 

မကြာသေးမီက ဟာမတ်စ် တို့ကို ချေမှုန်းရန်အတွက် ရာဖာကို ထိုးစစ်ဆင်ဖို့ လိုအပ်ကြောင်း အစ္စရေး အရာရှိများက ပြောကြားပြီးနောက်ယခုကဲ့သို့ ရာဖာ ဒေသအပေါ် စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

အီဂျစ်နှင့် ရာဖာနယ်စပ်ရှိ ဂါဇမ် ဘက်ခြမ်းကို သိမ်းပိုက်ထားသည်ဟု အစ္စရေးက အခိုင်အမာ ပြောဆိုလိုက်ပြီးဟားမတ်စ်တို့နှင့် အပစ်အခတ်ရပ်စဲရန် စေ့စပ်ညှိနှိုင်းရေးမှာလည်း မရေရာ မသေချာ သည့် အနေအထား တွင်ရှိနေသည်။

 

 အစ္စရေးဝန်ကြီးချုပ် နေန်ရာဟု ကမူ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များသည် အစ္စရေး တောင်းဆိုချက် များနှင့် အလှမ်းဝေးနေသော်လည်း ညှိနှိုင်းမှုများဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ Source/Sky News

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!