အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

မြဝတီမြို့ နောက်ဆုံးကျန်တပ်ရင်း ခလရ−၂၇၅ တပ်ရင်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ကေအဲန်ယူ−ဗဟိုထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 203

လူထက်နိုင်(ဒွာရာမြီ) နိရဉ္စရာ၊ ဧပြီ ၁၁ / ၂၀၂၄

ကရင်ပြည်နယ် မြဝတီမြို့တွင် နောက်ဆုံးကျန်သော ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ယနေ့ ဧပြီလ (၁၁) ရက်နေ့တွင် ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်သည်။ 

ထုတ်ပြန်ချက်အထဲတွင် ကရင်ပြည်နယ်၊မြဝတီမြို့တွင်နောက်ဆုံးကျန်သော ခလရ−၂၇၅ တပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A နှင့်ပူးပေါင်းတပ်များမှ ဧပြီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဖော်ပြသည်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိ သော အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက် နိုင်ရန်အတွက်ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ဧပြီလ (၈) ရက်နေ့ တွင် စတင် ထိုးစစ်ဆင်ခဲ့ကာ ဧပြီလ (၁၁) ရက်နေ့ နံနက် (၄နာရီ၂၀) မိနစ်တွင်  အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများအား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ယခုအချိန်တွင် မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီအကြွင်းအကျန်များအား ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်း များမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုကြရန် KNU မှ အသိပေးထားသည်။

ကရင်ပြည်နယ်၊ မြ၀တီခလရ ၂၇၅ တပ်ကို သိမ်းပိုက်ရရှိပြီး တပ်မ ၄၄ တပ်မမှူး နှင့် စစ်အင်အား ၂၀၀ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ ဆုတ်ခွာသွားကြောင်း ဒေသတွင်းသတင်းများ တွင်ဖော်ပြထားကြသည်။

ဓာတ်ပုံ- KNU

 

ဆက်စပ် သတင်းများ