တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် မြန်မာစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးတို့ ပေကျင်း၌တွေ့ဆုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဧပြီ ၂၆/၂၀၂၄

တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် မြန်မာစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးတို့ သည် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း တရုတ်ဆင်ဟွာသတင်းကဖော်ပြသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဖြစ်သူ Wang Xiaohong နှင့် မြန်မာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တို့သည် ယမန်နေ့က တရုတ်နိုင်ငံမြို့တော် ပေကျင်း၌ တွေ့ဆုံခဲ့သည်။

အွန်လိုင်း လိမ်လည်မှုနှင့် ပတ်သက်သည့် ရာဇ၀တ်မှုများကို နှိမ်နင်းရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းကြိုးပမ်းမှုတွင် များစွာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ဆက်ဆံရေးကို ဗျူဟာမြောက်ရှုထောင့်မှအမြဲတမ်း ရှုမြင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လာသည်ဟု Wang က မှတ်ချက်ပြုခဲ့သည်ဟုဆိုသည်။ 

တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း၊နှစ်နိုင်ငံဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လောင်းကစား၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး တို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် အဆင်သင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာစစ်ကောင်စီ ပြည်ထဲရေး၀န်ကြီး တရုတ်နိုင်ငံသို့သွားရောက်ချိန်သည် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကန် တရုတ် နိုင်ငံသို့ သွားရောက် နေချိန်နှင့် တိုက်ဆိုင်နေသည်။

နိုင်ငံတော်ကောင်စီ၀င်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mr Wang Xiao Hong၏ ဖိတ်ကြားချက်အရ ပြည်ထဲရေး၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၄ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံသို့ အလုပ်သဘော ခရီးသွားရောက်ခြင်းဖြစ်သည်ဟု သိရသည်။

တရုတ်နှင့်မြန်မာနှစ်နိုင်ငံတို့သည် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေးတို့ကိုဆွေးနွေးမည်ဟု စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြသည်။

 Source/ဆင်ဟွာ

ဆက်စပ် သတင်းများ