တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တရားမဝင်နွားသယ်ဆောင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး မြန်မာနယ်စပ်တွင်မိုင်းပေါက်ကွဲ၍ ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 283

နိရဉ္စရာ၊ မေ ၆/၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်အနီးရှိ မြန်မာနယ်စပ်တွင် မိုင်းပေါက်ကွဲမှု သီးခြားဖြစ်ရပ်နှစ်ခု၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

ပထမပေါက်ကွဲမှုမှာ စနေနေ့ ညက ဖုတာလီ (Fultali) ဧရိယာရှိ နယ်ခြားမှတ်တိုင်အမှတ် ၄၇ အနီးတွင် ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဒုတိယပေါက်ကွဲမှုမှာ တနင်္ဂနွေနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး လူတစ်ဦးဒဏ်ရာရခဲ့ကြောင်း နတ်ကျောက်ဆရီမြို့နယ် ဥက္ကဋ္ဌ Nurul Absar Emon က ပြောကြားခဲ့သည်။

၎င်းတို့အားလုံးသည် နွားများကို တရားမဝင်သယ်ဆောင်ရန် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ရာမှ မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဒဏ်ရာရသွားသူများမှာ ကော့စ်ဘဇားခရိုင် ရာမူး (ပန်းဝါ) မှ Md Rafiqueနှင့်  ဂါဂျန်နီယာမှ   Mohammad Abdullah ဖြစ်ကြသည်။ နောက်တစ်ဦးမှာ Kachchhapia မှ Rashid Ahmed တို့ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။


ပေါက်ကွဲမှုတစ်ခုကြောင့် Mohammad Abdullah ၏ ခြေနှစ်ချောင်းစလုံး ကွဲသွားခဲ့ပြီး ၎င်းအား စစ်ကောင်းဆေးရုံကို အရေးပေါ်အခြေအနေဖြင့်  ပို့လိုက်ရသည်။

အခြားနှစ်ဦးကိုလည်း နောက်ပိုင်းတွင် ကော့စ်ဘဇားခရိုင်ဆေးရုံသို့ လွှဲပြောင်းပေးခဲ့သည်။

၎င်းတို့ နှစ်ဦးတွင်လည်း တစ်ဦး ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရကာ စနေနေ့ ညနေက ​ဆေးရုံသို့ ရောက်ရှိလာကြောင်း၊ ကျန်တဦးမှာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု  ခရိုင်ဆေးရုံမှ ဆေးဘက်ဆိုင်ရာအရာရှိ Md Ashikur Rahman က ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို နယ်စပ်တလျှောက်တွင် လုံခြုံရေးကို တိုးမြင့်ချထားသည်ဟု ပြောဆိုသည်။

မကြာသေးမီနှစ်များအတွင်း မြန်မာစစ်တပ်နှင့် ရခိုင်တော်လှန်ရေးသမားများသည် ရခိုင်ပြည်နယ်တွင် ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားနေပြီး  မြန်မာနယ်စပ်တလျှောက် မိုင်းဗုံးပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ထိခိုက်ကျဆုံးမှုများ ကြုံတွေ့ခဲ့ရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

Ref: Financial Express

ဆက်စပ် သတင်းများ