တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

ဇွန်လအတွင်း ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးနှင့် ဒုရဲမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 516

လူထက်နိုင်( ဒွါယာမြီ)နိရဉ္စရာ၊ ဇူလိုင် ၄ /၂၀၂၄

ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ထံသို့ ဇွန်လအတွင်း စစ်ကောင်စီ တပ်မှ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးနှင့် ဒုရဲမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများ သို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း တပ်သားနှင့်ရဲ (၄၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

“ အရာရှိအဆင့် ဗိုလ်မှူး (၁) ဦး၊ ဗိုလ်ကြီး (၂) ဦးနှင့် ဒုရဲမှူး (၁) ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၃) ဦး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ်သည်” ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်

အဆိုပါ (၄၃) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်း ရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဇွန်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၁၈) လက်နှင့်ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြောင်းသိရသည်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တိုက်တွန်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!