တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

မပြီးဆုံးသေးသည့် တော်လှန်ရေးကို တစ်စုတစ်စည်းနှင့် တက်ညီလက်ညီ ဆက်လက်တိုက်ပွဲဝင်ကြရန် ယနေ့ကျရောက်သည့် KNLA နေ့တွင် တိုက်တွန်းနိုးဆော်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 414

နိရဉ္စရာ၊ ဇူလိုင် ၅/၂၀၂၄

မပြီးဆုံးသေးသည့် တော်လှန်ရေးခရီးကို တစ်စုတစ်စည်းနှင့် တက်ညီလက်ညီ ဆက်လက် တိုက်ပွဲဝင်ကြရန် ယနေ့ကျရောက်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)တိုက်တွန်းနိုးဆော်လိုက်သည်။

ယနေ့ကျရောက်သည့် (၇၅) ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) မှအထက်ပါအတိုင်း တိုက်တွန်းနိုးဆော်လိုက်ခြင်းဖြစ်သည်။

"ယနေ့ကျရောက်သော (၇၅) ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့တွင် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် မိမိအခွင့်အရေးပြန်လည်ရရှိရေးတွင် စွမ်းစွမ်းတမံ တော်လှန်တိုက်ပွဲဝင်လျှက်ရှိသော စစ်သည်တော်များနှင့် မဟာမိတ်ရဲဘော်ရဲဘက်များအား အလေးပြုဂုဏ်ပြုလျှက်ရှိပြီး  မပြီးဆုံးသေးသော ဤတော်လှန်ရေးခရီးကို တစ်စုတစ်စည်းနှင့် တက်ညီလက်ညီ ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ တိုက်တွန်းနိုးဆော်အပ်ပါသည်" ဟု KNU က ယနေ့တွင်ထုတ်ပြန်ခဲ့သည့်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


 

ဆက်စပ် သတင်းများ