တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရသေ့တောင်မှ သက်တော် ၁ဝ၄ နှစ်ရှိ သက်တော်ရှည် ဒုံးပိုက်ဆရာတော်ကြီး ပျံလွန်တော်မူ


  • ရေးသူ: Web Master (NN 10)
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာမှ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဝဏ္ဏသည် ယနေ့ အရုဏ်တက်တွင် ပျံတော်မူသွားခဲ့ပြီဟု သိရသည်။

ဆရာတော်ကြီးသည် ယနေ့၊ စက်တင်ဘာလ ၂၆ ရက်၊ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ဆရာတော်ကြီးသီတင်းသုံးရာ ဒုံးပိုက်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပျံလွန်တော်မူသွားခြင်းဖြစ်သည်ဟု ကျောင်းတကာတစ်ဦးလည်းဖြစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်သူက နိရဥ္စရာကို အတည်ပြုပြောသည်။
"သီတင်းသုံးနေတဲ့ ကျောင်းမှာပဲ ပျံလွန်တော်မူသွားတာပါ။ နည်းနည်း အသက်ရှုကျပ်တာတော့ရှိတယ်။ တခြား ထွေထွေထူးထူး ဘာရောဂါမှ မရှိပါဘူး။ အသက်ကြီးပြီး ပျံလွန်တော်မူတာပါ" ဟု ပြောသည်။

ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၁၀၄ နှစ်၊ ဝါတော် ၈၄ ဝါရှိပြီဟု ဆိုသည်။

လက်ရှိတွင် ကြွင်းကျန်ရစ်သည့် ဆရာတော်ကြီး၏ရုပ်ကလပ်တော်အား မည်သို့သင်္ဂြိုလ်မည်ဆိုသည်ကို ရွာသူရွာသားများ ဆွေးနွေးကြရဦးမည်ဟုလည်း
သိရသည်။

ဆရာတော်ကြီးသည် ဖခမည်းတော် ဦးပေါ်လှဦးနှင့် မယ်တော် ဒေါ်ဝင်းသာဖြူတို့၏သားဖြစ်ပြီး ငယ်နာမည်မှာ မောင်ဘလှိုင် ဖြစ်သည်။

ဆရာတော်ကြီးသည် ဒုံးပိုက်ကျေးရွာသားဖြစ်ပြီး ဒုံးပိုက်ကျေးရွာတွင် သီတင်းသုံးနေသည်မှာ ဝါတော် ၈၄ ဝါရှိပြီဟုလည်း ရွာသားများက ပြောသည်။
ဓာတ်ပုံ - Wai Hum Aung

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!