တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကိုးတန်ကောက်ရွာသားများပိုင် မှည့်နေသောစပါးစိုက်ခင်းများကို နယ်ခြားစောင့်တပ်က ဓာတ်ဆီသွန် မီးရှို့ခြင်းမှာ AA စနိုက်ပါမိသွား၍ဟုဆို


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 457

ကိုးတန်ကောက်မှ ရွာသားနှစ်ဦးပိုင် မှည့်နေသော စပါးစိုက်ခင်းများကို ကိုးတန်ကောက် နယ်ခြားစောင့်တပ်က ဓာတ်ဆီသွန်ကာ မီးရှို့ ခဲ့ခြင်းမှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့၏  စနိုက်ပါလက်ချက်ဖြင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးသွား၍ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကိုးတန်ကောက် ရွာမှာက လူမရှိတော့ဘူး။ ရှောင်နေကြတာကြာပြီ။ အခုကြားတာက အေအေက မနေ့ နေ့လယ်က စနိုက်ပါနဲ့ ပစ်လို့ ကိုးတန်ကောက်စခန်းက နှစ်ယောက်သေတယ်လို့ကြားတယ်။ ဒါကို မကျေနပ်နဲ့ အတွက် စခန်းအနီးမှာရှိတဲ့ ဦးကျော်လှထွန်းနဲ့ ဦးရဲကိုနိုင်လယ်တွေကို မီးရှို့တယ်လို့ သိရတယ်ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် ညနေ၃နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

နောက်ထပ် ဒေသခံတစ်ဦးက  " အများကြီးတော့မပျက်စီးသွားဘူး။ သူတို့ဒီလိုလုပ်တာက နေ့လယ်က သူတို့အထိနာနေလို့ ရွာသားတွေကိုခြောက်လှန့်တာဖြစ်မယ်။ နှစ်ဧကလောက်မီးထဲ ပါသွားတယ်" ဟုပြောသည်။


ရသေ့တောင်မြို့နယ် ကိုးတန်‌ကောက်ရွာတွင်  စစ်ကောင်စီ၏ နခခ(၆) လက်အောက်ခံ နယ်ခြားစောင့် စခန်းရှိပြီး အေအေ သိမ်းပိုက်ထားသည့် ဒုံးပိုက်၊ သဝင်ချောင်းနှင့် မနီးမဝေးတွင် တည်ရှိသည်ဟု သိရသည်။  

ယခုကဲ့သို့  အေအေက စနိုက်ပါဖြင့် ပစ်၍ နယ်ခြားစောင်တပ်သား နှစ်ဦးကျဆုံးသွားသည့် အပေါ်  နိရဉ္စရာသတင်းဌာနအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို မေးမြန်း၍ မရသဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

သို့သော်လည်း  ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ထုတ်ပြန် ချက်တွင် ီဇင်ဘာလ (၂၂) ရက်နေ့ ညနေ () နာရီ (၂၀) မိနစ်ခန့်တွင် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ နခခ () လက်အောက်ခံကိုးတန်ကောက် နယ်ခြားစောင့်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးခန့ သည် ဒေသခံ () ဦးပိုင်ဆိုင်သည့် မရိတ် သိမ်းရသေးသည့် စပါးခင်းများသို့ ဝင်ရောက်ကာ တမင် ရည်ရွယ်ချက်ရှိရှိ ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့သဖြင့် စပါး () ဧကကျော်မှာ မီးလောင် ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။ ( NN-11)

 

ဓာတ်ပုံ-  Narinjara (အပေါ်)၊ Arakan Princess Media ( အောက်)   

ဆက်စပ် သတင်းများ