သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ဘင်္ဂလာသို့ ထွက်ပြေးလာသူ နယ်ခြားစောင့် ၃၃၀ အား မြန်မာဘက်သို့ လွှဲပြောင်း


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 360

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့အသက်စွန့် ထွက်ပြေးသွားခဲ့သည့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်၃၃၀ ဦးအား ယနေ့ ကြာသပတေးနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က ၎င်းတို့အား မြန်မာစစ်ကောင်စီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP) သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ ဘင်္ဂလာ BGB ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အောင်ကျော်မို့ တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။


လွှဲပြောင်းခံရသူ ၃၃၀ အထဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၀၂ ဦး၊ ၎င်းတို့၏ မိသားစုဝင် လေးဦး၊ စစ်ကောင်စီတပ်သားတစ်ဦး၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင် ၁၈ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံလာခဲ့သည့် အရပ်သား ၄ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၃၃၀ ဦးတို့ ဖြစ်ကြသည်။

၎င်းတို့သည် ရက္ခိုင့်တပ်တော်က တောင်ပြိုမြို့ လက်ဝဲနှင့် လက်ယာစခန်းတို့အား ဖေဖော်ဝါရီ ၄ ရက်မှ ၆ ရက်နေ့အတွင်း ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားကြသူများ ဖြစ်ကြသည်။

၎င်းတို့ကို Inani ရှိ ရေတပ်ဆိပ်ခံတံတားမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင် ကျောက်ချရပ်နားနေသည့် မြန်မာရေတပ်သင်္ဘောတစ်စင်းနှင့် အတူ မြန်မာသို့  ယူဆောင်သွားမည်ဟု ဘင်္ဂလာသတင်းများတွင် ဖော်ပြထားသည်။

 

ဆက်စပ် သတင်းများ