တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

တောင်ကုတ်မြို့မစျေးကြီးနှင့် ရပ်ကွက်တချို့ တောင်ကျချောင်း ရေဝင်ရောက်နစ်မြုပ်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 563

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၊မြို့မစျေးကြီးအပါအဝင်အနိမ့်ပိုင်းရပ်ကွက်တချို့တွင်ယနေ့ဩဂုတ်လရက်၊မနက်ပိုင်းတွင် တောင်ကျချောင်းရေဝင်ရောက်ကာရေနစ်မြုပ်နေကြောင်းသတင်းရရှိသည်။

ယမန်နေ့ ဩဂုတ်လ ရက်ညပိုင်းကပင် လက်ရှိအချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းနေ၍ အဆိုပါမြို့မစျေးကြီးနှင့် အနိမ့်ပိုင်းရပ်ကွက်တချို့ကို တောင်ကျချောင်းရေဝင်ရောက်ကာ ရေကြီးရေလျှံ ဖြစ်နေကြောင်း မြို့ခံများက ပြောသည်။

လက်ရှိတောင်ကုတ်မြို့မစျေးကြီးအတွင်း ရေအနည်းဆုံး ပေခန့်ဝင်ရောက်နေပြီး စျေးဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်ပစ္စည်းများအား ရေလွတ်ရာသို့ ရွှေ့ပြောင်း သိမ်းဆည်း ထားရကြောင်း တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။



တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်ရှိအနိမ့်ပိုင်းလမ်းများ၊ ချောင်းကောက်ရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများ၊ အင်းခုံတောင်ရပ်ကွက်တို့တွင်လည် ချောင်းရေ ဝင်ရောက်နစ်မြုပ်နေကြောင်း မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်ရပ်ကွက်များမှာ တချို့လမ်းများတွင် ရေ အနည်းဆုံး ပေကျော်ထိတက်နေကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လ ၃၁ ရက်ကလည်း မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ ဆေးရုံကွက်သစ်မှ မြေနိမ့်ပိုင်းတချို့နှင့် အင်းခုံတောင်ရပ်ကွက်တို့တွင် တောင်ကျ ချောင်းရေဝင်ရောက်နစ်မြုပ်ခဲ့သည်။

ဓာတ်ပုံံ - တောင်ကုတ်မြို့မစျေးကြီးရေနစ်မြုပ်နေပုံံကိုတွေ့ရစဥ်/ Win Myint Thu

ဆက်စပ် သတင်းများ