အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

သံတွဲတွင် ရဲတပ်ဖွဲ့ဝင်မိသားစု ၈ ဦးအပါအဝင် ၁၅ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

ချစ်အိလှိုင်၊ထက်အောင်

 နိရဥ္စရာ၊ ဇူလိုင် ၇/ ၂ဝ၂၁

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့ ဇူလိုင် ၇ ရက်နေ့ နံနက်က ရဲတပ်ဖွဲ့ဝင်၈ ဦး အပါအဝင် ၁၅ ဦး ကိုဗစ်ပိုး ထပ်မံတွေ့ရှိကြောင်း သတင်းရရှိသည်။

 

ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ူပေါင်း (၅၇) ယောက်ကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့ရာ ထိုအထဲမှ (၁၅) ယောက်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်မိသားစု ၈ ဦးမှာ ပြောင်းရွှေ့ရန် အတွက် စစ်ဆေးရာတွင် ကိုဗစ်ပိုး တွေ့ရှိခြင်းဖြစ်ပြီး နောက်ထပ် ၇ ဦးမှာကိုဗစ်အတည်ပြုလူနာ ကွာရန်တင်းဝင်နေသည့် မိသားစုဝင်များဖြစ်ကြောင်း သံတွဲဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်းထွန်းက အတည်ပြုပြောကြားသည်။

 ဒီနေ့ ပိုးတွေ့တာကတော့ အားလုံးပေါင်း (၁၅) ယောက်ပါ။ အဲဒီမှာ ရဲဝန်ထမ်း (၈) ယောက်ပါပါတယ်။ သူတို့တွေက ပိုးတွေ့လူနာတွေနဲ့ ထိတွေ့တဲ့သူတွေ မဟုတ်ဘူး။ သူတို့က သံတွဲကနေ တစ်ခြားနေရာကို ပြောင်းရမယ့် ရဲဝန်ထမ်း တွေပါ။ ရောဂါလက္ခဏာပြတာမရှိပါဘူးဟု ၎င်းက ပြောသည်။

 

သံတွဲမြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၈၂ ဦးရှိပြီဖြစ်ကာ ယနေ့ နံနက် (၈) ဦးဆင်းခွင့်ရသွား၍ ရောဂါသက်သာ၍ ဆေးရုံဆင်းခဲ့သူမှာ စုစုပေါင်း  ၂၁ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် သံတွဲနှင့် ငပလီဆေးရုံတို့၌ ကိုဗစ်အတည်ပြုလူနာ ၆၁ဦးတို့ ဆေးကုသမှု ံယူလျက်ရှိကြောင်း ဒေါက်တာရဲဝင်းထွန်း၏ ပြောပြချက်အရသိရသည်။

ဆက်စပ် သတင်းများ