အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ရေး ဂွမြို့တွင် လူပေါင်း ထောင်နှင့်ချီ ဆက်လက်ဆန္ဒထုတ်ဖော်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.7k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁ဝ / ၂ဝ၂၁

တပ်မတော်အာဏာသိမ်းမှုကိုကန့်ကွက်ဆန့်ကျင်ကြောင်းကို ယနေ့ နံနက် ၉ နာရီခန့်က ရခိုင်ပြည်နယ် ဂွမြို့တွင် တတိယနေ့မြောက်အဖြစ် လူပေါင်း ထောင်နှင့်ချီ ဆန္ဒထုတ်ဖော်နေကြသည်။

ယနေ့ဆန္ဒပြသူများထဲတွင် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအပြင် အခြားအစိုးရဝန်ထမ်းအမြောက်အများပါဝင်ကြောင်း သိရသည်။

“အမေစုအား ချက်ချင်းလွှတ်၊ ရုံးမတက်နဲ့ ရုန်းထွက်၊ အာဏာရှင်စနစ်ကျဆုံးရေး၊”စသည့်ကြွေးကြော်သံတို့ဖြင့် စီတန်းကာ မြို့ပတ်လှည့်လည်ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ