တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မာန်အောင်တွင်ဆန္ဒပြပွဲဦးဆောင်သူ လူငယ်(၄)ဦး ခံဝန်လက်မှတ်ထိုးခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 1.5k

ခိုင်သွီး
နိရဥ္စရာ/ဖေဖော်ဝါရီ ၁၀/ ၂၀၂၁

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ယနေ့ဆန္ဒပြပွဲဦးဆောင်သူများတွင်ပါဝင်သည့် လူငယ် (၄)ဦးသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်လက်မှတ်ထိုးခဲ့ရသည်ဟု သတင်းရရှိသည်။

ခံဝန်လက်မှတ်ထိုးခဲ့ရသူမှာ မအိစောမွန်၊ ကိုခန့်ဝေလင်း၊ ကိုမျိုးလင်းဇော်နှင့် ကိုအောင်မြဦးတို့ဖြစ်သည်။

၎င်းတို့ (၄)ဦးအား ယနေ့ မွန်းလွဲပိုုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံပြီးနောက် နေ့လယ် ၁ နာရီခန့်တွင် ခံဝန်လက်မှတ်ရေးထိုးခဲ့ရခြင်းဖြစ်သည်။

တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုကို ယနေ့နံနက်ပိုင်းက မာန်အောင်မြို့တွင် လူပေါင်း ၂ဝဝ ခန့်က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယခုကဲ့သို့ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲကို ယမန်နေ့ကလည်း မာန်အောင်မြို့တွင်ပြုလုပ်ခဲ့ကြပြီး ယင်းအထဲမှ ဦးဆောင်သူ မခင်ထိပ်ထားလှိုင်နှင့် ဦးဘိုးနွဲ့တို့ကိုလည်း ယင်းနေ့ညက မာန်အောင်မြို့မရဲစခန်းတင် ခေါ်ယူစစ်ဆေးခဲ့သည်။

ဆက်စပ် သတင်းများ