သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်(၇၁ နှစ်)သည် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်က စစ်တွေပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်းသိရသည်။

ဦးကျော်ကျော်မှာ ဦးနှောက်အမြှေးပါးရောင်ရောဂါခံစားနေရပြီး ဘယ်ဘက်ခြမ်းသွေးကြော ပိတ်ကာ ကွယ်လွန်ခြင်းဖြစ်ကြောင်း သမီးဖြစ်သူ ဒေါ်စံစံသိန်း(ခေါ်)မေချေက ပြောသည်။

"ဧပြီတစ်ရက်နေ့တည်းက စစ်တွေမှာ ဆေးခန်းပြပါတယ်။ ဧပြီ၁၂ ရက်နေ့မှာ နေပြည်တော်ကုတင် တစ်ထောင် ဆေးရုံမှာတက်ပါတယ်။ ၉ ရက်တိတိပါ။ နေကောင်းလို့ အိမ်ကိုပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ ခေါင်းက အခြေနေမကောင်းပြန်ဘူး။ အစာလည်းမဝင်တော့ မေ ၁ ရက်နေ့က စစ်တွေ ဆေးရုံထပ်တက်ရတာပါ။ ဒီနေ့ဆုံးတာပါ။ မြောက်ဦးကိုသယ်သွားပါမယ်။ သင်္ဂြိုလ်ဖို့ကိစ္စတွေတော့ မိသားစုနဲ့ တိုင်ပင်ရပါမယ်" ဟု ၎င်းက ပြောသည်။

ဦးကျော်ကျော်မှာ မြောက်ဦးမြို့နယ် တောင်ရပ်(ဘီအိုစီ)ရပ်ကွက် ဇာတိဖြစ်ပြီး ၈- ၇- ၁၉၅ဝ ခုနစ်တွင်မွေးဖွားသည်။ ဥပဒေဘွဲ့ (LLB) ရရှိခဲ့ပြီး အငြိမ်းစား အထက်တန်းပြကျောင်း ဆရာတစ်ဦးဖြစ်သည်။

၂ဝ၁၅ ခုနှစ် ရွေးကွော်ပွဲတွင် ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး မြောက်ဦးမြို့နယ် မဲန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။

---------------------

Unicode:


အိမျစိုးဖွူ

နိရဉ်စရာ၊ မေ ၆/၂ဝ၂ဝ






ဆက်စပ် သတင်းများ