လူထက်နိုင်(ဒွာရာမြီ) နိရဉ္စရာ၊ မေ ၂ / ၂၀၂၄
ရခိုင်ပြည်၊စစ်ဘေးရှောင်ပြည်သူများအတွက် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်)/ ANDP Japan က ကျပ်သိန်း၂၀၀ ကို အာရက္ခပြည်သူ့အစိုးရ ULA/HDCO ထံမှ တဆင့် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က လှူဒါန်းခဲ့ကြောင်း မေလ ၁ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။
၎င်းရမ်းဗြဲမြို့နယ်၊ စစ်ဘေးရှောင်ပြည်သူများအတွက် မြန်မာကျပ်ငွေ ၅၄သိန်း ၈ သောင်းကျပ်
တိတိ ကိုလည်း ANDP Japan မှ အလှူရှင်များ၏ စုပေါင်းအားဖြင့် ရမ္မာမြေ စစ်ဘေးရှောင် ကူညီရေးအဖွဲ့မှတဆင့်ထပ်မံလှူဒါန်းခဲ့ကြောင်းလည်းသိရသည်။
“ANDP
Japan မှတဆင့် လူသားချင်း စာနာထောက်ထားသောအားဖြင့် ထည့်ဝင် လှူဒါန်း လာကြသည့် အလှူရှင်အသီးသီးအား အထူးကျေးဇူးတင်ရှိပါသည်။ ကူညီ ဆောင်ရွက်ပေးသည့် " ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့ "အားအထူးကျေးဇူးတင်ရှိပါသည်။
ယခု
ထောက်ပံ့ငွေများအပါအဝင် ရခိုင်ပြည်တွင်းရှိ စစ်ဘေးရှောင်များ အတွက်လည်း ထောက်ပံ့ ကျပ်သိန်း တစ်ထောင်ကျော် ကို ANDP-Japan က လှူဒါန်းခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ANDP-Japan သည် ရခိုင်အမျိုးသားရေး၊ နိုင်ငံရေး၊ တော်လှန်ရေးတို့ အတွက် မိမိတို့ နိုင်ရာကို စွမ်းစွမ်းတမံဆောင်ရွက်ပြီး အကြောင်း အမျိုးမျိုးကြောင့် ဂျပန်နိုင်ငံသို့ရောက်ရှိလာသည့် ရခိုင်လူငယ်များ၏အလုပ်အကိုင်ပြဿနာနှင့် လူဝင်မှုကြီးကြပ်ရေးပြဿနာများကို ကူညီဖြေရှင်းပေးနေသည့် ဂျပန်ရှိ ရခိုင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ- Arakan National Democratic Party - Japan