- Web Master
- ၂၂ ဇန်နဝါရီ ၂၀၂၀
အိမ်စိုးဖြူ
နိရဥ္စရာ၊ မေ ၇/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း မေလ ၆ ရက် မွန်းလွဲ ၂ နာရီ အချိန်က ပင်လယ်ပြင်တွင် ကုန်တင်ဇက် ရေယာဉ်တစ်စီး ကျောက်ဆောင်နှင့်တိုက်မိပြီး တိမ်းမှောက်သွားကြောင်း သတင်းရရှိသည်။
၄င်းဇက်ရေယာဉ်မှာ ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ဆိပ်ခံတံတားမှ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က စစ်တွေမြို့သို့ထွက်ခွာခဲ့ရာ ကျောက်ဖြူမြို့နယ်၊ သဲချောင်းအုပ်စု ပေါင်းနက်ချေကျေးရွာအနီး(ဒေသအခေါ်-ကြက်တောပြင်) ပင်လယ်ဝ အရောက်တွင် ကျောက်ဆောင်နှင့် တိုက်မိပြီး ရေကျချိန်တွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။
“ရေယာဉ်မှောက်တာ ဟုတ်ပါတယ်။ လိူင်းရိုက်ခတ်တာကြောင့် ကျောက်ဆောင်ကို တိုက်မိပြီး တင်သွားတာလို့ သိရပါတယ်။ ဒီရေတက်လာတော့ ရေဝင်လာတာ။ ရေယာဉ်ပိုင်ရှင်ကတော့ စစ်တွေကလို့သိရတယ်” ဟု နိရဥ္စရာသတင်းဌာနအားပြောသည်။
၄င်းဇက်ရေယာဉ်ပေါ်တွင်ပါလာသည့် ကုန်ပစ္စည်းများနှင့် အတူ ရေလုပ်သား ၃ ဦးမှာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ဆက်ပြောသည်။
“ကျောက်ဆောင်ကိုတိုက်မိပြီးတင်နေတာ။ ရေကျတဲ့အခါမှောက်သွားတာပါ။ လူတွေဘာမှ မဖြစ်ပါဘူး။ ကျွန်တော်ငှားလာတာပါ ရေယာဉ်ကတော့။ ရေယာဉ်ပေါ်မှာ ဆီနဲ့ သံထည်တွေ ဆိုတော့ ထိခိုက် ဆုံးရှုံးမှုမရှိပါဘူး။ အခုရေယာဉ်ကို ဆယ်နေကြတယ်။ ဆုံးရှုံးမှု သိပ်မရှိပါဘူး” ဟု ရေယာဉ်အား ငှားရမ်းလာသူ ကျောက်ဖြူမြို့မှ လင်းလက်ဝတီ ဆီဆိုင်ပိုင်ရှင် ဦးဌေးဝင်းကပြောသည်။
၄င်းရေယာဉ်ပေါ်တွင် ဆီနှင့်သံထည်များပါဝင်သဖြင့် ကျောက်ဆောင်ပေါ်တင်နေရာမှ ရေကျချိန်တွင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ရေယာဉ်အား ပြန်လည်ဆယ်ယူနေပြီးဖြစ်ကြောင်း သူက ဆက်ပြောသည်။
၄င်းဇက်ရေယာဉ်မှာ စစ်တွေမြို့မှ (စိစစ်ဆဲ) ပိုင်ဆိုင်သောရေယာဉ်ဖြစ်ပြီး စစ်တွေမြို့သို့ ဆက်လက်သယ်ယူနိုင်ရန်လုပ်ဆောင်နေကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ သိရသည်။
------------------------------
Unicode:
အိမျစိုးဖွူ
နိရဉ်စရာ၊ မေ ၇/၂ဝ၂ဝ